မြင်းကို လမ်းပေါ်ကားဖြင့်ဆွဲပြီး ပြေးခိုင်းသူအား တရုတ်ရဲ ဖမ်းဆီး (ရုပ်သံ)

April 19, 2016

မြင်းကို လမ်းပေါ်ကားဖြင့်ဆွဲပြီး ပြေးခိုင်းသူအား တရုတ်ရဲ ဖမ်းဆီး (ရုပ်သံ)

တရုတ်နိုင်ငံ၊ ကျန်းဆုခရိုင်၊ ယန်ကျိုးမြို့မှာ အမျိုးသားတဦးဟာ မြင်းတကောင်ကို ထရပ်ကားနဲ့ဆွဲပြီး လမ်းမပေါ်ပြေးစေခဲ့လို့ ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။ အဆိုပါအမျိုးသားဟာ ညနေပိုင်းရုံးချိန်ယာဉ်ကြောထူထပ်ချိန်မှာ ခုလိုမောင်းခဲ့ တာကို အနီးနားက မျက်မြင်သက်သေတဦးက ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ခဲ့တာပါ။ ဒေသတွင်းရဲတွေက ကားကိုရပ်တန့်စေပြီး အဲဒီအမျိုးသားကို ခုလိုအပြုအမူဟာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ယာဉ်မတော်တဆမှုတွေဖြစ်လာနိုင်ချေရှိလို့ မမောင်းနှင်သင့် ကြောင်း သတိပေးခဲ့ရတာပါ။ ဒါပေမယ့် သူကတော့ ဒါဟာ သူ့ရဲ့မြင်းကို သန်စွမ်းလာစေဖို့ အပြေးလေ့ကျင့်မှု မှာ ကူညီပေးတာသာဖြစ်တယ်လို့ တုံ့ပြန်လိုက်တာပါ။ တရုတ်နိုင်ငံတွင်းသို့ ၂၀၁၂ ခုနှစ်ကတည်းက မြင်းကောင်ရေ ၂၀၀၀ ကျော်တင် သွင်းခဲ့ပြီးနောက် မကြာသေးခင်နှစ်တွေမှာတော့ မြင်းပိုင်ဆိုင်သူအရေအတွက်ဟာ ပိုမို များပြားလာခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံမှာ မြင်းကောင်ရေ ၉ သန်းလောက်ရှိမယ်လို့ ဆိုပါ တယ်။
6 years Ago
Up