ပရိသတ်အချစ်တော် နာမည်ကြီး သရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့ Kညီ တို့ နှစ်ယောက် အပြိုင်ကြဲ ကခုန်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောအွန်လိုင်းပေါ်မှာ ရေ ပန်းစားနေပါတယ်။
သူတို့ဟာ VeVE အချိုရည်ရဲ့ အရောင်းကိုယ်စားလှယ်တွေနဲ့ ပရိသတ်တွေ တွေ့ ဆုံပွဲ အစီအစဉ်နဲ့ နယ်မြို့တွေမှာ ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်။
ဘားအံ၊ ကော့ကရိတ်၊ မြ၀တီ၊ မော်လမြိုင်၊ ထားဝယ်စတဲ့ မြို့တွေမှာ ၅ ရက်တာ တွေ့ဆုံပွဲတွေအပြီးမှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘယ်လိုကခုန်ခဲ့သလဲဆိုတာကို ဒီရုပ်သံ ဗွီဒီယိုဖိုင်ထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ခရီးစဉ်တလျှောက် တွေ့ဆုံပွဲတွေအပြီး အိမ်ပြန်ရမှာမို့ ပျော်ရွှင်နေကြတဲ့ မြင့်မြတ်နဲ့ Kညီတို့ အကျီင်္ဆင်တူနဲ့ သီချင်းသံစည်းချက်ကြားမှာ အပြိုင်ကြဲက ခုန်ခဲ့ကြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ နာရီပိုင်းအတွင်း ၀င်ရောက်ကြည့်ရှုသူ၊ မျှဝေသူ၊ ဝေဖန် မှတ်ချက်ရေးသူတွေ သောင်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago