မြင့်မြတ်

March 22, 2019

လွင်မိုးနှင့် မြင့်မြတ် အပြိုင်သရုပ်ဆောင်ထားသည့် ဟာသရုပ်ရှင်-ဒယ်ဒီဖားကင်(နမူနာ)

ဝါရင့်သရုပ်ဆောင်မင်းသား လွင်မိုးနဲ့ ပရိသတ်အချစ်တော် မင်းသား မြင့်မြတ်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ဟာသရုပ်ရှင်-ဒယ်ဒီဖားကင်ကို ဒီကနေ့ရုံတင်ပြသနေပါတယ်။ ဒီရုပ်ရှင်ကားကို နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး  အောင်မျိုးသွင်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ နေပိုင်က ပုံဖော်ရိုက်ကူးပေးထားခဲ့တာ ဖြစ် ပါတယ်။ ဒယ်ဒီဖားကင်၊ တက်လူ၊ ရွှေထူးစတဲ့ ဇာတ်ကောင်တွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်မောစ ရာဟာသရုပ်ရှင်ကားတကားအဖြစ် ရှုစားကြရမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ လွင်မိုး၊ မြင့် မြတ်တို့နဲ့အတူ သရုပ်ဆောင်မင်းသမီး အိချောပို၊ ရဲအောင်၊ ပွင့်တို့ကလည်း ပါဝင်ထား ကြတာ ဖြစ်ပါတယ်။ လွင်မိုးဟာ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သလို ပေါ့ ပါးတဲ့ ဟာသဇာတ်ရုပ်တွေမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သူတဦးဖြစ်တာမို့ တ ကျော့ပြန်ရိုက်ကူးမှုတွေ လုပ်လာခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာလည်း မြင့်မြတ်နဲ့ ဘယ်လိုအ တွဲညီညီ သရုပ်ဆောင်ထားမလဲဆိုတာကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဇာတ်ကားထဲမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ် မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းခွဲကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago

February 21, 2019

အကယ်ဒမီနဲ့ပတ်သက်ပြီး ထွေထွေထူးထူးတော့ ရင်မခုန်ပါဘူး -မြင့်မြတ်

လာမယ့် မတ်လမှာကျင်းပဖို့ ရှိနေတဲ့ ၂၀၀၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲနဲ့ ပတ်သက်ပြီး ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြင့်မြတ်ရဲ့သဘောထားအမြင်။ “အကယ်ဒမီပေးပွဲကတော့ ၃ လပိုင်းကျရင် အကယ်ဒမီပေးပွဲ ရှိတယ်လို့ ကြားတာပဲ။ ရင်ခုန်လားဆိုတော့ ထွေထွေထူးထူးတော့ မခုန်ပါဘူး။ ဒီလိုပါပဲ။”လို့ ပြောပါတယ်။
2 years Ago
Up