မြင်ကွင်း (ဓာတ်ပုံ)

January 6, 2018

ရန်ကုန်မြို့ ကလေးစာပေပွဲတော် မြင်ကွင်း (ဓာတ်ပုံ)

ရန်ကုန်မြို့မှာ ဗိုလ်တထောင် အထက ၆ (စိန်ပေါလ်) မှာ ကလေးစာပေပွဲတော်ကို ဒီနေ့ကစပြီး ၃ ရက်ကြာ ကျင်းပနေပါတယ်။ မနက်ပိုင်းက နိုင်ငံတော် သမ္မတက လာရောက် ဖွင့်လှစ်ပေးခဲ့ပြီး ဟောပြောပွဲတွေ၊ ပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်တွေနဲ့ ကျင်းပနေပါတယ်။ ဓာတ်ပုံ - ကိုရွှေအောင်
3 years Ago

November 27, 2017

ပုပ်ရဟန်းမင်းကြီးအား ရန်ကုန်မြို့တွင် ကြိုဆိုနေသည့်မြင်ကွင်း (ဓာတ်ပုံ)

မြန်မာနိုင်ငံကို ဒီကနေ့မွန်းလွဲပိုင်းက ပထမဆုံးအကြိမ်ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို  ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာ မြန်မာပြည်သူတွေက  စောင့်ဆိုင်း ကြိုဆိုခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ မနက်ဖြန်နေပြည်တော်ကိုဆက်လက်သွားရောက်ကာ  မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။ နိုဝင်ဘာ ၂၉ ရက်မှာတော့ ရန်ကုန် ကျိုက္ကဆံအား ကစားကွင်းမှာ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့စီစဉ်ထားတာကြောင့် အနယ်နယ်အရပ်ရပ်က ကတ်သလစ်ခရစ်ယာန် ဘာသာဝင်တွေဟာ ရန်ကုန်မြို့ကို ရောက်နေကြပါတယ်။
3 years Ago
Up