ဖြူးမြို့အနောက်တောင်ဘက်တွင်

April 23, 2018

ဖြူးမြို့အနောက်တောင်ဘက်တွင် ၃ ရက်ဆက် ငလျင်လှုပ်

  ဖြူးမြို့ အနောက်တောင်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အားအသင့်တင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ငလျင်လှုပ်တာ ၃ ရက်ဆက်တိုက် ရှိပြီဖြစ်ပါတယ်။ ဧပြီ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် (၀၁) နာရီ (၀၁)မိနစ် (၄၅)စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်ဘက် (၉၈) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် (၂၉) မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၈.၂၉ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၅ဒီဂရီ၊ အနက် (၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဖြူးမြို့ အနောက်တောင်ဘက်မှာ ဧပြီ ၂၁ ရက်က ၅.၂ အဆင့်ရှိငလျင်၊ ၂၂ ရက်နေ့မှာ ၅.၁ အဆင့်ရှိငလျင်တွေ လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
3 years Ago

January 13, 2018

ဖြူးမြို့အနောက်တောင်ဘက်တွင် အင်အား ၄ ဒသမ ၈ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်

ဇန်န၀ါရီ ၁၂ ရက်နေ့ ည ၁၀ နာရီလောက်က ဖြူးမြို့ အနောက်တောင်ဘက် ၂၁ မိုင်လောက်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အား နည်ငယ်ရှိသော မြေငလျင်တခု ထပ်မံလှုပ်ခတ်သွားကြောင်း မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဖြူးမြို့ အနောက်တောင်ဘက်မှာ ဇန်န၀ါရီ ၁၂ ရက်နေ့ မနက်အစောပိုင်းက အင်အားရစ်(ခ်ျ)တာ စကေး ၆ ဒသမ ၀ အဆင့်ရှိ မြေငလျင် ၁ ကြိမ်၊ ၅ ဒသမ ၃ အဆင့် ၃ ကြိမ်နဲ့ ၄ ဒသမ ၇ အဆင့်ရှိ ၁ ကြိမ်၊ မနက် ၁၀ နာရီကျော်မှာ ၄ ဒသမ ၆ အဆင့် ၁ ကြိမ်နဲ့ ဟုမ္မလင်းအနီးမှာ နေ့လယ် ၂ နာရီလောက်က ၄ ဒသမ ၃ အဆင့်ရှိ  မြေငလျင်တကြိမ် အသီးသီး လှုပ်ခတ်ခဲ့ပါတယ်။ ပဲခူးတိုင်း ဖြူးမြို့နားတ၀ိုက် လေးငါးခြောက်ကြိမ် လှုပ်နေတဲ့  ငလျင်ပြတ်ရွေ့ကြောဟာ အခုမှ ပေါ်လာတဲ့ ငလျင်ကြောအသစ်ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင်က ဒီဗွီဘီကို ပြောပါတယ်။
3 years Ago
Up