ဖြူးမြို့စည်ပင်အမှိုက်ပုံ ရက်ကြာရှည် မီးလောင်နေမှုကြောင့် ပြည်သူများ စိုးရိမ်

February 5, 2017

ဖြူးမြို့စည်ပင်အမှိုက်ပုံ ရက်ကြာရှည် မီးလောင်နေမှုကြောင့် ပြည်သူများ စိုးရိမ်

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့စည်ပင်သာယာရဲ့ စွန့်ပစ်အမှိုက်ပုံဟာ ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်မီးလောင်ခဲ့ပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ညဘက်အထိ မီးမငြိမ်းသေးလို့ မြို့ခံတွေ စိုးရိမ်နေကြပါတယ်။ "မီးလောင်တာက နှစ်ရက်လောက်ရှိနေပြီ။ ဒါပေမယ့် မီးကအခုအထိ မငြိမ်းသေးဘူး၊ မီးခိုးတွေက အရမ်းထွက်နေတယ်၊ အညှော်နံ့တွေပေါ့၊ ရက်ကြာလာလေ ကျနော်တို့ ကျန်းမာရေးထိခိုက်လေပဲ၊ ပြီးတော့ အမှိုက်ကများတယ်၊ ဘေးမှာစိုက်ခင်းတွေရှိတယ်၊ မီးကူးရင်တော့သွားပြီပေါ့" လို့ မြို့ခံတဦးက ပြောပါတယ်။ ဖြူးမြို့နယ် စည်ပင်သာယာရေးဌာနကို ဆက်သွယ်မေးမြန်းရာမှာ " မီးလောင်တာကဟုတ်ပါတယ် ၂ ရက်ရှိပြီ။ မီသတ်ကလည်း လာငြိမ်းပေးပါတယ်၊ ကျနော်တ်ာတို့လည်း ငြိမ်းနေပါတယ်။ မီးကိုတော့ ထိန်းနိုင်ပါ့ပြီ။ မီးဘေးကို မကူးအောင်လည်း လုပ်ပြီးပါပြီ ငြိမ်းတော့မှာပါ။ အမှိုက်ကတော့ များတယ်၊ နေရာအခက်အခဲကြောင့်ပါ၊ နောင်နှစ်အတွက်တော့ ပြင်ဆင်ထားပါပြီ၊ နေရာလည်း ရှာထားပါပြီ" လို့ ဦးဆောင်အရာရှိ ဦးအောင်ခိုင်က ပြောပါတယ်။ ဖြူးမြို့နယ်အတွင်းမှာ တနေ့လျှင် အမှိုက် ၂ တန်လောက် ထွက်ရှိကာ အမှိုက်သိမ်းယာဉ်သုံးစီးနဲ့ သိမ်းဆည်းနေပြီး ဝန်ထမ်းအင်အား မလုံလောက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ သတင်း ကျော်အောင် (ကညွတ်ကွင်း)  
4 years Ago
Up