ဖြူတကောင်ကို တိုက်ခိုက်ဝါးမျိုပြီး ဖြူဆူး စူးခံခဲ့ရသည့် မြွေဟောက်ကြီး

March 31, 2017

ဖြူတကောင်ကို တိုက်ခိုက်ဝါးမျိုပြီး ဖြူဆူး စူးခံခဲ့ရသည့် မြွေဟောက်ကြီး (ရုပ်သံ)

ကမ္ဘာမှာ သားရိုင်းတိရစ္ဆာန်တွေ တိုက်ခိုက်ကြတဲ့အခါမှာ အားကြီးတဲ့သူကသာ အနိုင်ရစတမ်းပါပဲ။ အင်အားကြီးတဲ့ တိရစ္ဆာန်တွေဟာ အားပျော့တဲ့ သားကောင်တွေကို အလွယ်တကူ သတ်ဖြတ်စားသောက်နိုင်မှာဖြစ်ပေမယ့် တခါတရံမှာတော့ အဲဒီသားကောင်တွေရဲ့ ထင်မှတ်မထားတဲ့ တုံ့ပြန်မှုတွေကို ရတတ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဖြူတကောင်ကို တိုက်ခိုက်ခဲ့ချိန်မှာ ထင်မှတ်မထားတဲ့ တုံ့ပြန်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြွေဟောက်ကြီးတကောင်ကို တွေ့ရမှာပါ။ ဒီအဖြစ်အပျက်ဟာ ဘရာဇီးနိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်ပြီး မြွေဟောက်ကြီးဟာ ဖြူကို တိုက်ခိုက်ဝါးမျိုကာ စားသောက်ခဲ့တာပါ။ ဖြူတွေကတော့ သူတို့ရဲ့ခန္ဓာကိုယ်မှာ သဘာဝကပေးထားတဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်မယ့် ဆူးတွေကို ထုတ်လွှတ်နိုင်စွမ်း ရှိနေတာပါ။ ဒီအဖြစ်အပျက်မှာတော့ ဖြူဟာ သူ့ကိုယ်သူ ခုခံကာကွယ်ရင်း သေဆုံးခဲ့တာဖြစ်ပေမယ့် မြွေဟောက်ကြီးကို ဆူးတွေနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့တဲ့အတွက် မြွေဟောက်ကြီး ဒဏ်ရာတွေရရှိခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up