ဖြတ်တိုက်မီးလောင်

March 9, 2017

ချီလီတွင် ရထားကြီးက ထရပ်ကားကို ကြောက်မက်ဖွယ် ဖြတ်တိုက်မီးလောင် (ရုပ်သံ)

ချီလီနိုင်ငံ ရီကီနိုရာမြို့မှာ မတ်လ ၃ ရက်နေ့က ရထားတစ်စီးနဲ့ ထရပ်ကားတစ်စီး ရထားလမ်း ကားလမ်းဆုံရာ လမ်းဆုံတစ်ခုမှာ တိုက်မိတာကြောင့် လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ အီးအက်ဖ်အီး နိုင်ငံတော်ပိုင် ရထားလမ်းကုမ္ပဏီက ထုတ်ပြန်တဲ့ စာထဲမှာ ဒီအခင်းဖြစ်ပွားမှုက ရီကီနိုရာမြောက်ပိုင်း ဘူတာရုံကိုအသွား လက်စ်ကက်ဘရက်စ်လမ်းဆုံမှာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃ မိနစ်လောက်မှာ ဖြစ်ပွားခဲ့တာတာလို့ ဆိုပါတယ်။ ရထားက ပြန်လည်ပြုပြင်ဖို့ ဆန်တီရာဂိုမြို့ကို သွားတဲ့အတွက် ခရီးသည် တင်ဆောင်လာခြင်းမရှိဘူးလို့ ဒေသခံသတင်းဌာနတွေက ထုတ်ပြန်ထားပါတယ်။ ရီကီနိုရာ မီးသတ်ဌာနက အရာရှိ ဆီဆာရီဘိုလ်လဲဒိုကတော့ ဒီဒေသမှာ ဒီလိုမတော်တစ်ဆ ဖြစ်မှုက ဒါပထမဦးဆုံးအကြိမ် မဟုတ်ဘူးလို့လည်း ပြောပါတယ်။ “ဒီလိုရထားမတော်တဆတိုက်မှုကို ဒီနေရာမှာ ကျနော်တို့ ၂ ကြိမ်ဆက်တိုက် ကြုံပြီးပြီ” လို့ ရီဘိုလ်လဲဒိုက ပြောပါတယ်။ မီးရထားကုမ္ပဏီ အီးအက်ဖ်က ထုတ်ပြန်ချက်ထဲမှာတော့ အသက် ၅၂ နှစ်အရွယ် ရထားမောင်း လက်ထောက်ဖြစ်သူ ထိခိုက်ဒဏ်ရာတွေကြောင့် သေဆုံးပြီး ရထားမောင်းသမားကတော့ ဒဏ်ရာ ရရှိတယ်လို့ ဆိုပါတယ်။ ထရပ်ကားမောင်းသူကတော့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီမတော်တဆဖြစ်မှုကို စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်လို့ အီးအက်ဖ်အီးကုမ္ပဏီက ပြောလိုက်ပါတယ်။ ဒါပေမယ့် ထရပ်ကားမောင်းသမားက “ရပ်” လို့ပြောထားတဲ့ အမှတ်အသားကို လိုက်နာမှု မရှိခဲ့ကြောင်း စောင့်ကြည့်ရုပ်သံတွေထဲမှာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ ကားမောင်းသမားတွေကတော့ ဒီရထား ကားလမ်းဆုံဟာ အရမ်းကို အန္တရာယ်များပြီး ပိုမိုအသက်အန္တရာယ်စိတ်ချရတဲ့ ပုံစံမျိုး လုပ်ဖို့လိုတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။ “ဒီလမ်းဆုံကို ခင်ဗျားရောက်တဲ့အခါ ကြည့်လိုက်ပါ၊ ရပ်ဆိုတဲ့ အမှတ်အသား သင်္ကေတက အဲ့ဒီမှာ ဒီနားမှာ ခင်ဗျားရပ်လိုက်တယ်၊ ရထားလမ်းပေါ်မှာ ဘာကိုမှ မမြင်ရတော့ ခင်ဗျားရှေ့ဆက်သွားတယ်၊ နောက် ရပ်ပြီး ရထားလမ်းပေါ်ကို ကြည့်တဲ့အခါ မြင်ကွင်းတွေက ပိတ်နေတယ်” လို့ ကားမောင်းသမား တစ်ဦးက ပြောပါတယ်။
5 years Ago
Up