ဖြစ်​ပွား

January 12, 2018

ချောက်​​ရေနံ​မြေတွင် ရေနံပိုက်​လိုင်းယိုစိမ့်မှု ဖြစ်​ပွား

ချောက်​​ရေနံ​မြေမှာ ဇန်န၀ါရီ ၁၁ ရက် ​ည​နေက ပင်​မ​ရေနံသို​လှောင်​ကန်​ ​ရေနံပိုက်​လိုင်းနဲ့ ရေနံပို့​ဆောင်​ချိန်​ ပိုက်​လိုင်းယိုစိမ့်ပြီး အမှတ်​ (၁၀) ​အေး​စေတီရပ်​ အ​ရှေ့​မြောက်​ဘက်​ ရေနံ​မြေရိုးတ​လျှောက်​ တ​မိုင်​လောက် ရေနံတွေစီးဆင်းခဲ့​ပါတယ်။ ​ရေနံယိုစိမ့်တဲ့အ​ကြောင်းကို ၃ နာရီခွဲ​လောက်​က သိလိုက်​ရလို့ ​ရေနံတင်​ပို့​နေ​တဲ့ ဘားကိုရပ်​တန့်​လိုက်​ပြီး ၃ နာရီ ၄၅ မိနစ်မှာ ​ရေနံယိုစိမ့်​မှုကို ထိန်းသိမ်းနိုင်​ခဲ့​တယ်လို့ ​ရေနံထုပ်​လုပ်​​ရေး တာဝန်​ခံ ဦး​စောနိုင်​ဦးက ​ပြောပါတယ်​။ ​ရိုးတ​လျှောက်​ ​ရေနံတွေစီး​မျော​နေတာကို ​ဒေသခံတွေက ခပ်​ယူခဲ့ပေမယ့် ​ရေနံမန်​​နေဂျာ ဦးကရင်​​နော်​​အောင်​နဲ့ တာဝန်​ရှိအဖွဲ့နဲ့ ​ချောက်​မြို့မရဲစခန်းက တာဝန်ရှိသူတွေ အချိန်မီ ထိန်းသိမ်းနိုင်​ခဲ့လို့ ​လေလွင့်​ဆုံးရှုံးမှုနည်းခဲ့​ပေမယ့် ဆုံးရှုံးမှုတန်ဖိုး မတွက်ချက်ရသေးလို့ မသိရသေးဘူးလို့ဆိုပါတယ်။ အဆိုပါ ပိုက်​လိုင်းယိုစိမ့်​မှုမှာ ​ရေနံတင်​ပို့ အသုံးပြု ၄ လက်​မ ပိုက်​အ​ကွေး ​အောက်​​ခြေ ​ဆွေး​မြေ့ပြီး ယိုစိမ့်​ခဲ့တာဖြစ်ပါတယ်။
4 years Ago
Up