ဖြစ်ပွား

January 12, 2018

ဖားကန့်တွင် ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာမှာ မနေ့ညနေပိုင်းက အင်ဗာတာ ဝါယာကြိုး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းက ပြောပါတယ်။ မှော်ရှန်ကျေးရွာ အမှတ်(၂) ရပ်ကွက် ဦးမောင်မောင်ကျော်(ခ)ဦးအောင်ကျော်သန်း နေအိမ်မှာ ဆိုလာအားသွင်းစနစ်နဲ့ သွယ်တန်းထားတဲ့ အင်ဗာတာဝါယာကြိုး အပူလွန်ကဲပြီး  ပျဉ်ခင်း၊ သွပ်မိုး၊ ထရံကာ တထပ်နေအိမ် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာကို ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးပြေငြိမ်းနဲ့တပ်ဖွဲ့၊ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဦးနဲ့ တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့၊ ဒေသခံပြည်သူတွေနဲ့ ရေသယ်ယာဉ် ၃ စီး၊ မီးသတ်ယာဉ် ၃ စီးတို့နဲ့ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ ညနေ ၃ နာရီ ၄၀ မိနစ်မှာ မီးငြှိမ်းနိုင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၂ သိန်းကျော်တယ်လို့ သိရပါတယ်။ ဖားကန့်မြို့မရဲစခန်းက မီးကိုပေါ့ဆစွာအသုံးပြုတဲ့ ဦးမောင်မောင်ကျော်(ခ) ဦးအောင်ကျော်သန်း ကို ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ကိုကိုလင်း(အင်းတော်)
4 years Ago

January 4, 2018

ကျောက်တံခါးမြို့တွင် ၉ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ အသက်ကိုးနှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ဖို့ ကြံစည်မှုနဲ့ အမျိုးသားတဦးကို ကျောက်တံခါး မြို့မရဲစခန်းက ဖမ်းဆီး စစ်ဆေးနေပါတယ်။ မိခင်က အပြင်မှာ အုတ်သွားဖုတ်နေစဉ် ဒုတိယတန်းကျောင်းသူ သမီးငယ်ကို အိမ်မှာ အဘွားနဲ့ ထားခဲ့ကြောင်းနဲ့ အဘွားနဲ့ အဘွားမိတ်ဆွေက ကလေးကို အိမ်ရှေ့အိမ်မှာ ဘောင်းဘီသွားယူခိုင်းချိန်မှာ အခင်းဖြစ်ပွားခဲ့တာလို့ ရဲက ပြောပါတယ်။ ကျောက်တံခါး မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက “ကလေးမလေး ညဝတ်ဘောင်းဘီ ရှာနေတဲ့အချိန်မှာ အခုကြံစည်တဲ့သူက အိမ်ပေါ်တက်လာပြီး ကလေးမလေးကို တွန်းလှဲပြီး ကြံစည်တာပေါ့။ အဲဒီမှာ ကလေးမလေးက အော်တော့ ဘေးက လူတွေလာတော့ အဲဒီကောင်က ထွက်ပြေးသွားတယ်။ မိဘက အလုပ်သွားလုပ်နေတော့ ၂ ရက်နေ့မှာ သူ့အမေ ရောက်လာပြီး အဲဒီကိစ္စကို စခန်းမှာ လာပြီးအမှုဖွင့်တာပါ။ တရားခံကိုလည်း ဖမ်းထားပြီး စစ်ဆေးနေပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ကျောက်တံခါး မြို့မရဲတပ်ဖွဲ့စခန်းက အဓမ္မပြုကျင့်ဖို့ ကြံစည်သူ ကိုမြင့်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ (အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှု) နဲ့ ဖမ်းဆီး အရေးယူထားပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
4 years Ago
More News
Up