ပြုပြင်မွမ်းမံရန် အလှူငွေကောက်ခံ

A d v e r t i s e m e n t With Us

August 30, 2016

ငလျင်သင့် ရှေးဟောင်းအမွေအနှစ်များ ပြုပြင်မွမ်းမံရန် အလှူငွေကောက်ခံ

ငလျင်ဒဏ်သင့် မြန်မာပြည်အသည်းနှလုံး ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် မြစ်ကြီးနား မြို့ပေါ်မှာနေထိုင်တဲ့ မြို့မိမြို့ဖနဲ့ ပေးဆပ်သူ အသင်းအဖွဲ့တွေက ဦးဆောင်ပြီး အလှူငွေကောက်ခံနေပါတယ်။ သြဂုတ်လ ၂၉ ရက်နေ့ကနေစပြီး ၅ ရက်ကြာ မြစ်ကြီးနားမြို့သစ်မီးပွိုင့်နားမှာ အလှူငွေ ကောက်ခံနေတာပါ။ သြဂုတ် ၂၉ ရက်နေ့ ကောက်ခံရရှိထားမှုငွေဟာ ၃၄ သိန်း ၁ သောင်းကျော် ရရှိပြီး အဲဒီကောက်ခံမှုထဲက ဘဏ်ကိုအပ်ထားငွေ ၁၇ သိန်းရှိတယ်လို့ပြောပါတယ်။ ဒါအပြင် အလှူငွေကောက်ခံမှုတွေကို မြစ်ကြီးနား မြို့ပေါ်က အ.ထ.က ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုလည်း အလှူခံသွားမှာဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - Thin Thin Nwe
5 years Ago
Up