ပြပွဲကျင်းပစဉ် ခြင်္သေ့က ဆက်ကပ်ဆရာကို ရုတ်တရက် ခုန်အုပ်ကိုက်သတ် (ရုပ်သံ)

A d v e r t i s e m e n t With Us

December 3, 2016

ပြပွဲကျင်းပစဉ် ခြင်္သေ့က ဆက်ကပ်ဆရာကို ရုတ်တရက် ခုန်အုပ်ကိုက်သတ် (ရုပ်သံ)

အီဂျစ်နိုင်ငံမှာ ဆက်ကပ်ပွဲအတွင်း ခြင်္သေ့တွေနဲ့ ပြပွဲကျင်းပနေစဉ် ၄၅၀ ပေါင် အလေးချိန်ရှိတဲ့ ခြင်္သေ့တစ်ကောင်က ဆက်ကပ်ဆရာကို ပရိသတ်တွေရဲ့ ရှေ့မှာ ကိုက်သတ်လိုက်ပါတယ်။ အီဂျစ်နိုင်ငံ အလက်ဆန်ဒရီရာမြို့ ဆက်ကပ်ပြပွဲတခုမှာ ခြင်္သေ့တွေကို ယဉ်ပါးအောင်လုပ်တဲ့ အသက် ၃၅ နှစ်အရွယ် ရှဟီးန်အစ္စလမ်ကို ပြပွဲအတွင်းမှာ ရှိနေတဲ့ ခြင်္သေ့သုံးကောင်ထဲက အနီးဆုံး တစ်ကောင်က တိုက်ခတ်ခဲ့တာပါ။ ဒီဇင်ဘာ ၁ ရက်နေ့ ရုပ်သံဗွီဒီယိုထဲမှာ အသံချဲ့စက်က ကျယ်လောင်တဲ့ ဂီတသံတွေကြောင့် ခြင်္သေ့ဟာ ဆက်ကပ်ဆရာ အစ္စလမ်ရဲ့ လည်ပင်းကို လှမ်းခဲလိုက်ပါတယ်။ ဆပ်ကပ်ပွဲကြည့်နေတဲ့ ကလေးတွေလည်း အထိတ်တလန့်ဖြစ်ပြီး ကြောက်လန့်တကြားအော်ဟစ်ကြပါတယ်။ အခြားဆက်ကပ်ဝန်ထမ်းတွေလည်း အစ္စလမ်ကို ကိုက်နေတဲ့ ခြင်္သေ့ကို အမြန်တုတ်တွေနဲ့ထိုးပြီး သူ့ကို ကယ်တင်ဖို့ကြိုးစားကြတာကို တွေ့ရပါတယ်။ ခြင်္သေ့တွေနဲ့ အလုပ်လုပ်ခဲ့တာ ၁၀ နှစ်ရှိပြီလို့ ခြင်္သေ့ကိုက်ခံရသူ အစ္စလမ်ရဲ့ အစ်ကိုက ပြောပါတယ်။ အစ္စလမ်ကို ဆေးရုံအမြန်ဆုံးပို့ပေမယ့် ခြင်္သေ့ကိုက်တဲ့ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒီလိုတိုက်ခိုက်ခဲ့တဲ့ ခြင်္သေ့ဟာ သိပ်မကြာသေးခင်က တောင်အာဖရိကက ရောက်လာတာဖြစ်ပြီး ဒီအချိန်ဟာ ခြင်္သေ့တွေ မိတ်လိုက်တဲ့အချိန်ဖြစ်လို့ ဒီလိုမထင်မှတ်တဲ့လုပ်ရပ်ကို လုပ်ခဲ့တာလို့ ဆက်ကပ်မှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်မူစတာဖက ပြောလိုက်ပါတယ်။ ဒီခြင်္သေ့ကို နောက်ပြပွဲတွေမှာ ပြတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
4 years Ago
Up