တရုတ်နိုင်ငံက လွှတ်တင်ထားတဲ့ ထျန်းကိုး ၁ အာကာသယာဉ်ဟာ ဧပြီ ၂ ရက်နေ့မှာ ကမ္ဘာမြေလေထု အတွင်း ပြန်လည်ဝင်ရောက်မယ်လို့ တရုတ်အာကာသအေ၈ျင်စီက သတင်း ထုတ်ပြန်ပါတယ်။
“မနေ့ နေ့လယ်ပိုင်းမှာ ထျန်းကိုး ၁ အာကာသယာဉ်ဟာ ကမ္ဘာမြေကနေ ၁၇၉ ကီလိုမီတာ အကွာမှာ လှည့်ပတ်နေပါတယ်။ ဧပြီလ ၂ ရက်နေ့မှာ ကမ္ဘာ့လေထုကို ပြန်လည်ဝင်ရောက်ပြီး မီးလောင်ပျက်စီးမယ်” လို့ စီစီတီဗီသတင်းမှာ ကြေညာခဲ့ပါတယ်။
အရှည် ၁၀.၄ မီတာရှိတဲ့ ထျန်းကိုး ၁ ယာဉ်ကို ၂၀၁၁ ခုနှစ်က လွှတ်င်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်ကြီးမားလှတဲ့ အာကာသအစီအစဉ် တစိတ်တပိုင်းအဖြစ် အာကာသတွင်း ယာဉ်ချိတ်ဆက်ခြင်းနဲ့ ဂြိုဟပတ်လမ်း စမ်းသပ်မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ လာမယ့် ၂၀၂၃ အတွင်း အာကာသစခန်း တည်ဆောက်ဖို့ ရည်မှန်း ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago