ပြန်ရွေးချယ်

March 17, 2017

ဝါရင့်တိုက်စစ်မှူး ဒီဖိုးကို အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပြန်ရွေးချယ်

အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ အသက် ၃၄ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူး ဒီဖိုး ပြန်လည်ပါဝင်လာပါတယ်။ အင်္ဂလန်အသင်းမှာ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ရွန်နီတို့ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရတဲ့အတွက်ရော ဒီရာသီ ဆန်းဒါးလန်းအသင်းမှာ ခြေစွမ်းပြ ဂိုးတွေသွင်းနိုင်နေတာကြောင့် ဝါရင့်တိုက်စစ်မှူး ဂျာမိန်းဒီဖိုးကို အခုလို ပြန်ရွေးခဲ့တာပါ။ ဒီဖိုးဟာ ၂၀၁၃ ခုနှစ်က အင်္ဂလန်အသင်းအတွက် နောက်ဆုံးရွေးချယ်ခံခဲ့ရပြီးနောက်ပိုင်း လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေခဲ့တာပါ။ အင်္ဂလန်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ဂျာမနီ၊ လစ်သူယေးနီးယားအသင်းတို့နဲ့ ခြေစမ်းပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
5 years Ago
Up