ပြင်သစ်နည်းပြ ဒမ့်စ်ချမ့်ဟာ လက်ရွေးစင်အသင်း လူစာရင်း ထုတ်ပြန်ခဲ့ရာမှာ ကမ္ဘာ့ဖလားချန်ပီယံ အသင်းသားတွေကိုပဲ ပြန်လည်ရွေးချယ်ခဲ့ပါတယ်။
နည်းပြ ဒမ့်စ်ချမ့်အနေနဲ့ ကမ္ဘာ့ချန်ပီယံအသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား ၂၃ ဦးစာရင်းမှာ ဒဏ်ရာရနေတဲ့ ဂိုးသမား မန်ဒန်ဒါရဲ့ နေရာမှာ မာဆေးဂိုးသမား ကော့တယ်ကို ရွေးချယ်ခဲ့တာကလွဲလို့ တခြားကစားသမား အပြောင်းအလဲ မပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မာဆေးက ပါရက်၊ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီနဲ့ မန်ယူတောင်ပံကစားသမား မာရှယ်တို့ ဆက်ပြီး ချန်လှပ်ခံခဲ့ရပါတယ်။
ပါရက်ဟာ ၂၀၁၆ ယူရိုပြိုင်ပွဲမှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပြီး လက်ရွေးစင်မှာ ပြန်ပါဖို့ သူ့အတွက် အခွင့်အရေးရှိနေဆဲ ဖြစ်တယ်လို့ ဒက်စ်ချမ့်က ဆိုပါတယ်။
ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းသားတွေဟာ အမြင့်ဆုံးခြေစွမ်းကို ရောက်ရှိနေပြီး ဘယ်ကစားသမားကမှ သူတို့ရဲ့နေရာကို ဝင်ကစားဖို့ မရှိနိုင်သေးဘူးလို့လည်း ဒက်စ်ချမ့်က ပြောကြားခဲ့ပါတယ်။
5 years Ago