ပြန်ပေးဆွဲမှု

June 13, 2018

ပါရီမြို့လယ်ရှိ စီးပွားရေးလုပ်ငန်းတခုတွင် ပြန်ပေးဆွဲမှု ဖြစ်ပွား

ပြင်သစ်နိုင်ငံ မြို့တော် ပါရီမြို့လယ်က စီးပွားရေးလုပ်ငန်းလေး တခုထဲမှာ အမျိုးသား တဦးက လူနှစ်ဦးကို ဇွန် ၁၂ ရက်နေ့က ပြန်ပေးဆွဲထားပါတယ်။ ပြန်ပေးသမားက အီရန်သံရုံးနဲ့ ဆက်သွယ်ပြီး ပြင်သစ်အစိုးရကို သတင်းစကားပါးဖို့ ခွင့်ပြုရေး တောင်းဆိုခဲ့တယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။ အထူးတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အခင်းဖြစ်နေရာကို ရောက်လာကြပြီး ပါရီရဲ့ ဆယ်ခုမြောက် အုပ်ချုပ်ရေး စီရင်စုထဲမှာ ရှိနေတဲ့ အခင်းဖြစ်နေရာကို ရဲတွေက တပ်လှန့်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုနဲ့ သက်ဆိုင်ပုံ မရဘူးလို့ အစီရင်ခံထားပြီး ပြန်ပေးဆွဲသူနဲ့ စညှိနှိုင်းဖို့ အရာရှိတွေက ကြိုးစားနေတယ်လို့ ရဲသမဂ္ဂအရာရှိက BFM ရုပ်သံကို ပြောပါတယ်။ ပြန်ပေးဆွဲသူဟာ လူတယောက်ကို ထိုးနှက်ခဲ့ပြီး အဲဒီလူက ထွက်ပြေးနိုင်ခဲ့တယ်၊ လက်နက်အတုကို ကိုင်ထားပုံရတယ်၊ ကျန်တဲ့ ဓားစာခံ ၂ ဦးကို စောင့်ကြည့်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ ပြန်ပေးဆွဲသူ ဘယ်နိုင်ငံသားဖြစ်တယ်၊ ဘယ်လိုပုံ၊ အသက်ဘယ်လောက် စတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ချက်ချင်း မသိရသေးပါဘူး။
3 years Ago
Up