ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူတဦး ထပ်မံလွတ်မြောက်

May 20, 2016

ပြန်ပေးဆွဲခံ နိုင်ဂျီးရီးယား ကျောင်းသူတဦး ထပ်မံလွတ်မြောက်

ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ ကျောင်းသူတွေထဲက ဒုတိယမြောက် နောက်တဦး လွတ်မြောက်လာတယ်လို့ နိုင်ဂျီရီးယား စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။ နိုင်ငံအရှေ့မြောက်ဒေသမှာရှိတဲ့ ဘော်နို ပြည်နယ်ထဲက ချီဘွခ်မြို့ကနေ ကျောင်းသူတွေကို ဘိုကိုဟာရမ်အဖွဲ့က လွန်ခဲ့တဲ့ ၂ နှစ်က ပြန်ပေးဆွဲခဲ့တာပါ။ အစိုးရ ပြန်ကြားရေး ၀န်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ ဒုတိယမြောက် ကျောင်းသူ လွတ်မြောက်လာတာကို စစ်တပ်ပြောခွင့်ရသူ ဆန်နီ အက်စ်မန်က အတည်ပြုနိုင်ပြီး အသေးစိတ်ကိုတော့ ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ လွတ်မြောက်လာတဲ့ မိန်းကလေးငယ်ရဲ့ ဓာတ်ပုံကိုလည်း စစ်တပ်က မေ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ သူ့ကို ဘော်နို ပြည်နယ်ထဲက ဆေးရုံတရုံမှာ ကျန်းမာရေး စစ်ဆေးပေးနေတယ်လို့ ဆိုပါတယ်။ မေ ၁၇ ရက်နေ့ကလည်း အာမင်နာ အလီ ဒါရှာ နီကီ ဆိုတဲ့ ကျောင်းသူကို စစ်သားတွေက ဘိုကိုဟာရမ်တွေ လှုပ်ရှားနေတဲ့ နယ်မြေမှာ ပြန်တွေ့ခဲ့ပါတယ်။ လူထုအခြေပြု ဥပဒေရေးရာ အဖွဲ့တခုမှာ အလုပ်လုပ်နေတဲ့ အာမင်နာ အလီဟာ ၂၀၁၄ ဧပြီလတုန်းက ဘိုကိုဟာရမ်အဖွဲ့က ပြန်ပေးဆွဲသွားတဲ့ မိန်းကလေ ၂၁၉ ဦးထဲက ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။ နိုက်ဂျီရီးယား စစ်တပ်က မိန်းကလေး ၂၀၀ ကျော်ကို ပြန်ကယ်တင်နိုင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ ဆိုပါတယ်။
6 years Ago
Up