ပြန်ပေးဆွဲခံ ၁၃ နှစ်သားကလေးငယ် ရုပ်ရှင်ဆန်ဆန်လွတ်မြောက်

A d v e r t i s e m e n t With Us

October 19, 2015

ပြန်ပေးဆွဲခံ ၁၃ နှစ်သားကလေးငယ် ရုပ်ရှင်ဆန်ဆန်လွတ်မြောက်

တရုတ်နိုင်ငံ၊ စီချွမ်းခရိုင်ထဲက ၁၃ နှစ်အရွယ်ကလေးတယောက်ဟာ စက်တင် ဘာလ ၂၄ ရက်နေ့က ကျောင်းကအပြန်မှာ ပြန်ပေးဆွဲခံခဲ့ရပြီး ခုချိန်မှာတော့ ရုပ်ရှင်တွေထဲကအတိုင်း ကိုယ်တိုင်ကြိုးစားပြီး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ရှောင်ရီအမည်ရအဲဒီကလေးကို အဲဒီနေ့က ပြန်ပေးဆွဲသမားက ဓားစာခံအဖြစ် မျက်လုံးနဲ့ပါးစပ်တွေကို တိပ်နဲ့ပိတ်ကြိုးတုပ်ကာ ဆင်ခြေဖုံးရွာတရွာက လူမနေတော့တဲ့ အိမ်တလုံးဆီခေါ်သွားခဲ့ပြီး သူ့အဖေကို ငွေညှစ်ဖို့ကြိုးစားခဲ့တာပါ။ ရှောင်ရီဟာ အခန်းထဲကနေအပြင်ကိုထွက်ပြေးပြီး လွတ်မြောက်ဖို့ပထမအကြိမ် ကြိုးစားစဉ်မှာ မအောင်မြင်ပဲအိမ်ထဲကို ပြန်ဆွဲသွင်းပြီးသူ့ကို ပိုပြီးတင်းတင်းကျပ်ကျပ် ချည်နှောင်ခဲ့ပါတယ်။ ဒုတိယအကြိမ်မှာတော့ ပြန်ပေးသမားအပြင်ထွက်သွားမသွား သေချာအောင် သူဟာ ၂ ကြိမ်လောက်အသံပေးအော်ဟစ်ပြီး မရှိတာသေချာတဲ့ အချိန် မှာသူက တိတ်တဆိတ်ထွက်ပြေးခဲ့တာလို့ သတင်းကဆိုပါတယ်။ မောပန်းနေတဲ့ ရှောင်ရီဟာ ကားလမ်းမဆီကံကောင်းထောက်မစွာရောက်ရှိခဲ့ပြီး တွေ့တဲ့ ကားကြုံကသူ့ကို ရဲတွေဆီခေါ်ဆောင်သွားပြီး လွတ်မြောက်အောင် ကူညီပေးခဲ့ကြတာပါ။ အဲဒီနေ့ညနေမှာပဲ ရှောင်ရီရဲ့မိဘတွေဆီက ယွမ်ငွေ ၁ သိန်း ၃ သောင်း (အမေရိ ကန်ဒေါ်လာ ၂၀၄၆၂) ငွေညှစ်ဖို့ကြိုးစားခဲ့တဲ့ တရားခံကို ဆိုက်ဘာကဖေးတခုမှာ အဲဒီ နေ့ညနေမျာပဲ ဖမ်းမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ရှောင်ရီက စီချွမ်အွန်လိုင်းသတင်းစာနဲ့ တွေ့ဆုံစဉ်မှာ သူက ရာဇ၀တ်ပစ်မှုဆိုင်ရာ အပစ်အခတ် ရုပ်ရှင်ကားတွေကနေ ခုလိုလွတ်မြောက်အောင် ကြိုးစားနိုင်ခဲ့တာလို့ ပြောပါတယ်။ “ဒီဇာတ်ကားတွေက ကျနော့်ကို ပြန်ပေးဆွဲသမားနဲ့တွေ့ရင် ဘယ်လိုပူးပေါင်းပြီး အချိန်ပိုရအောင်ကြိုးစားဖို့ လွတ်မြောက်နိုင်မယ့်နည်းလမ်းကိုရှာဖွေနိုင်ဖို့ သင်ပေးပါတယ်”လို့ ရှောင်ရီက ပြောပါတယ်။  
5 years Ago
Up