ပြန်ပေးဆွဲခံ

June 30, 2018

ပြန်ပေးဆွဲခံ နိုင်ငံသားအရေး ဂျပန်နှင့်တသားတည်းရှိကြောင်း အမေရိကန် ပြော

မြောက်ကိုရီးယားရှိ ပြန်ပေးဆွဲခံ ဂျပန်နိုင်ငံသား အရေးကိစ္စနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံနဲ့ တသားတည်းရှိကြောင်း ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ “ကျနော်တို့  အခုချိန်မှာ မြောက်ကိုရီးယားနဲ့ မကြုံစဖူး ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေ့မယ့် ဒီလို အရေးကြီးတဲ့ အချိန်ကာလမှာ အမေရိကန်-ဂျပန်ကြားမှာ ရှိတဲ့ ကာလရှည် မဟာမိတ်ဖြစ်မှုဟာ ခိုင်မြဲနေဆဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရိ-အိုနိုဒယ်ရ-ကလည်း “ကျနော်တို့နှစ်နိုင်ငံရဲ့ မဟာမိတ် စစ်စွမ်းရည် အားကောင်းစေဖို့ ဂျပန်-အမေရိကန် စစ်ရေးလေ့ကျင်မှုကို ခိုင်ခိုင်မြဲမြဲ အကောင်ထည်ဖော်ဖို့ သဘောတူညီခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ၁၉၇ဝ နဲ့ ၁၉၈ဝ ဝန်းကျင်ကာလတုန်းက ပြန်ပေးဆွဲခံရတဲ့ ဂျပန်နိုင်ငံသား အရေးကိစ္စကို ဖြေရှင်းမပြီးသရွေ့ မြောက်ကိုရီးယားကို စီးပွားရေး အထောက်အပံ့ပေးအပ်မှာမဟုတ်ကြောင်း ဂျပန်အစိုးရက ပြောကြားထားပါတယ်။
3 years Ago
Up