ပြန်လွှတ်ပေးမည်

December 24, 2017

ဗင်နီဇွဲလားတွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုဖြင့် ထိန်းသိမ်းခံရသူများကို ပြန်လွှတ်ပေးမည်

ဗင်နီဇွဲလားနိုင်ငံမှာ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုနဲ့ ထိန်းသိမ်းခံရသူ ၈၀ ကို ပြန်လည်  လွှတ်ပေးတော့မယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး အကြောင်းပြချက်နဲ့ ဗင်နီဇွဲလားအစိုးရအပေါ် ဝေဖန်ခဲ့တဲ့ ဘရာဇီးနဲ့ ကနေဒါ သံတမန်နှစ်ဦး တို့ကိုလည်း နိုင်ငံကနေ နှင်ထုတ်မယ်လို့ သူက ပြောကြားခဲ့ ပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ ဒယ်သီရိုဒရီဂုစ်က ပြောကြားရာမှာ ထိန်းသိမ်းခံရသူ ၈၀ ကို မကြာခင် ပြန်လည်လွှတ်ပေးပြီး ရပ်ရွာအကျိုးပြုလုပ်ငန်းလုပ်ခြင်း စတဲ့ တခြားအပြစ်ပေးမှုတွေ ခိုင်းစေသွား မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်  အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲအတွင်း သေဆုံးဒဏ်ရာ ရခဲ့သူတွေကို လျော်ကြေးငွေ ပေးအပ်သွားမယ်လို့လည်းဆိုပါတယ်။ အဲဒီ ပြန်လွှတ်ပေးမယ့် ထိန်းသိမ်းခံရ သူတွေဟာ သမ္မတမာဒူရို ထောက်ခံသူတွေ ဖွဲ့စည်းထားတဲ့ အဖြစ်မှန်ပေါ်ပေါက်ရေး ကော်မရှင်မှာ အစစ်အဆေးခံရမယ်လို့လည်း ဒယ်သီရိုဒရီဂုစ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထား ပါတယ်။
4 years Ago
Up