ပြန်လည်အသုံးပြုနိုင်သည့် ဒုံးပျံအစိတ်အပိုင်း အောင်မြင်စွာဆင်းသက် (ရုပ်သံ)

April 10, 2016

ပြန်လည်အသုံးပြုနိုင်သည့် ဒုံးပျံအစိတ်အပိုင်း အောင်မြင်စွာဆင်းသက် (ရုပ်သံ)

ပင်လယ်ရေမျက်နှာပြင်ပေါ်က ဒုံးအဟုန်မြင့်စက်ပေါ်ကို SpaceX Falcon 9 ဒုံးပျံပေါ်က ပြန်လည်အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းတခုဟာ ဧပြီလ ၈ ရက်နေ့မှာ အောင်အောင်မြင်မြင်နဲ့ ပြန်လည်ဆင်းသက်နိုင်ခဲ့ပြီလို့  SpaceX ရဲ့ အမှုဆောင်အရာရှိ ချုပ် အီလွန်မတ်စ်က ပြောပါတယ်။ ဖလော်ရီဒါကနေ နိုင်ငံတကာ အာကာသစခန်းဆီ Falcon 9 ဒုံးပျံကို လွှတ်တင်ခဲ့ တာဖြစ်ပြီး လွှတ်တင်ပြီး ၂ မိနစ်အကြာမှာ ဒုံးက အစိတ်အပိုင်း ၂ ပိုင်း ပိုင်းကွဲသွားပါ တယ်။ ဒီအပိုင်း ၂ ခုထဲက ပြန်လည်အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းက အတ္တလန္တိတ် သမုဒ္ဒရာမှာရှိတဲ့ ရေပေါ်ပလက်ဖောင်းပေါ် ပြန်လည် ဆင်းသက်လာနိုင်ခဲ့တာပါ။ “ဒါဟာ အာကာသယာဉ်တွေရဲ့ အနာဂတ်ကာလအတွက် တကယ့်ကို ကောင်း မွန်တဲ့ မှတ်တိုင်တခုပါပဲ။ သူ့ရဲ့နောက်တဆင့်ကတော့ ကြယ်တွေဆီအရောက်သွားနိုင် ဖို့ပါပဲ။ ဒါဟာ ကျနော်တို့အတွက် လျင်မြန်ပြည့်စုံတဲ့ ပြန်လည်အသုံးချနိုင်မယ့် ဒုံးနည်းပညာအတွက် အောင်မြင်မှုရလိုက်တာပါပဲ”လို့ အီလွန်မတ်စ်က ပြောပါတယ်။ မတ်စ်ဟာ ဈေးပေါပြီး ပြန်အသုံးပြုနိုင်တဲ့ ဒုံးနည်းပညာကို စမ်းသပ်နေတာ ဖြစ်ပါ တယ်။ ၂၀၁၅ ဇွန်လကလည်း အလားတူ ဒုံးအစိတ်အပိုင်းတခု ပြန်ဆင်းသက်ခဲ့ပေမယ့် မတော်တဆမှုတခုကြောင့် ပေါက်ကွဲခဲ့တာပါ။ အမေရိကန်အခြေစိုက် အမျိုးသားအာကာသနှင့် လေကြောင်းဦးစီးဌာန(နာဆာ) က တိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ ဒုံးပျံဟာ လွှတ်တင်ခဲ့အပြီး ခြေတံ ၄ ခုဆန့်ထွက်ခဲ့ပြီး ပေါက်ကွဲခဲ့ကာ အကြမ်းအား ဖြင့် ၈ မိနစ်လောက်အကြာမှာတော့ ဒုံး အစိတ်အပိုင်းဟာ သမုဒ္ဒရာပေါ်က ရေပေါ်ပလက်ဖောင်းဆီ ဆင်းသက်နိုင်ခဲ့တာကို တွေ့ရပါတယ်။
6 years Ago
Up