ပြန်လည်တုံ့ပြန် ဆန္ဒပြ

December 4, 2016

မလေးရှားဆန္ဒပြပွဲကို ပြန်လည်တုံ့ပြန် ဆန္ဒပြ

မလေးရှား ၀န်ကြီးချုပ် ဦးဆောင်မှုနဲ့ မလေးရှားနိုင်ငံ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြမယ့်အပေါ် မျိုးချစ်သံဃာတော်တွေနဲ့ ပြည်သူတွေက တုံ့ပြန်ဆန္ဒပြခဲ့ပါတယ်။ ဒီဇင်ဘာ ၄ ရက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ မွန်းလွဲ ၂ နာရီခန့်က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆန္ဒပြပွဲဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြိး ရိုဟင်ဂျာတွေကို နှိမ်နင်းနေတယ်ဆိုပြီး မြန်မာအစိုးရကို ဖိအားပေးဖို့ မလေးရှားဝန်ကြီးချုပ်အနေနဲ့ စီစဉ်နေတာကြောင့် တုံ့ပြန်ဆန္ဒပြတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ဆန္ဒပြပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို အလေးမထားတဲ့ မလေးရှားဝန်ကြီးချုပ် လူမျိုးလိမ်ရေး မတောင်းဆိုပါနဲ့၊ လူမျိုးလိမ်ကို ဖိအားပေးတောင်းဆိုနေတာဟာ လူမျိုးလိမ်တို့ရဲ့ အလုပ်ဖြစ်တယ်၊ ကမ္ဘာကို အလိမ်ညာဝါဒဖြန့်နေသူတွေ ကျရှုံးပါစေ၊ လူမျိုးလိမ် ဖန်တီးတောင်းဆိုနေသူတွေဟာ အကြမ်းဖက်သမားများဖြစ်တယ်၊ အကြမ်းဖက်အားပေးတဲ့ မလေးရှားဝန်ကြီးချုပ် သမိုင်းမှန်ကို လေ့လာပါ စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ မျိုးချစ် သံဃာနဲ့ ပြည်သူ ၁၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။ သတင်း-အောင်ဆန်းဦး
6 years Ago
Up