ပြန်တိုက်ခိုက်

November 20, 2017

မူးယစ်ဆေးဝါး ရောင်းချသူက ရဲတပ်ဖွဲ့အား ဓားရှည်ဖြင့် ပြန်တိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ထန်းတပင်ကျေးရွာမှာ နိုဝင်ဘာ ၁၉ ရက် မနက်ပိုင်းက မှုးယစ်ဆေးဝါးရောင်းချသူကို ဖမ်းဆီးရာ ဓားနဲ့ပြန်လည် ခုခံတိုက်ခိုက်လို့ လုံထွေးသတ်ပုတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။ မူးယစ်တားဆီးနှိမ်နင်းရေး ဧရာဦးစစ်ဆင်ရေး စီမံချက်အရ မူးယစ်တပ်စု ရဲအုပ်နိုင်ဝင်းနဲ့အဖွဲ့ မိုးညှင်းရဲစခန်းက နယ်ထိန်းခေါင်းဆောင်တို့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ထန်းတပင်ကျေးရွာအနီး တောစပ်မှာ ဆိုင်ကယ်နဲ့ မူးယစ်ဆေး လှည့်လည်ရောင်ချနေသူ တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်က သိရပါတယ်။ ဖမ်းဆီးရေးအဖွဲ့စာ မြို့ရှောင်လမ်းဘေးမှာ စောင့်ဆိုင်းနေချိန် လင်းအောင် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို စစ်ဆေးရာ အသာတကြည်ခွင့်မပြုဘဲ ဓားရှည်နဲ့ ပြန်လည် ခုခံတိုက်ခိုက်လို့ လုံးထွေး သတ်ပုတ်ပြီး ရှာဖွေရာ လင်းအောင်ဝတ်ထားတဲ့ လက်အိတ်ထဲက ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူဝါကြားအမုန့် ၀ ဒသမ ၁ဂ ရမ်ပါ ၁ထုပ်၊ ပိုက်ဆံ သုံးသောင်းသုံးထောင် တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီနောက် လင်းအောင်ရဲ့ နေအိမ်ကို ဆက်လက်ရှာဖွေရာ မီးဖိုပန်းကန်စင်ပေါ်မှာ စတီးခွက်နဲ့ အုပ်ထားတဲ့ ဘိန်းဖြူ  ၀  ဒသမ ၂ ဂရမ်စီပါ ၃ ဘူး၊ ၀ ဒသမ ၁ ဂရမ်ပါ ၂ ဘူး၊ ၀ ဒသမ ၀၁ ဂရမ်ခန့်စီပါ ၅ ဘူး၊ 88/1 စာတန်းပါ ပန်းရောင်ဆေးပြား ၄၀ နဲ့ မူးယစ်ဆေးဝါး သုံးရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ထပ်မံ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ မိုးညှင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါး လက်ဝယ်ထားရှိပြီး ဖြန့်ဖြူးရောင်းချသူ လင်းအောင်ကို မူးစိတ်ပုဒ်မ ၁၅/၁၉(က)၂၀(က)/၂၂(ခ) တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ မုန်းမုန်းမင်း
4 years Ago
Up