ပြန်ဆင်းသက်

March 9, 2019

လူလိုက်ပါခြင်းမရှိသည့် အာကာသယာဉ် အောင်မြင်စွာ ပြန်ဆင်းသက်

လူလိုက်ပါခြင်းမရှိတဲ့ SpaceX  လေလုံခန်းယာဉ်ဟာ နိုင်ငံတကာ အာကာသစခန်းမှာခဏတာနေထိုင်ပြီးနောက် မတ် ၈ ရက်နေ့က အတ္တလန္တိတ် သမုဒ္ဒရာအတွင်း အောင်အောင်မြင်မြင် ဆင်းသက်ခဲ့ပါတယ်။ ဒါဟာ ဒီနှစ်နှောင်းပိုင်းမှာ လူလိုက်ပါတဲ့ အာကာသခရီးစဉ် ပြန်စတင်ဖို့ ပထမဆုံး ကမ္ဘာပတ် စမ်းသပ်မစ်ရှင်ပဲ ဖြစ်ပါတယ်။ ၅ ရက်ကြာ ကမ္ဘာပတ်ခရီးစဉ် ပြီးတဲ့နောက် အဲဒီယာဉ်ဟာ မတ်လ ၈ ရက်နေ့မှာ အာကာသစခန်းက ထွက်ခွါပြီး ကမ္ဘာမြေဆီ အသံထက်မြန်တဲ့ အမြန်နှုန်းနဲ့ ပြန်ဆင်းသက်လာတာပါ။ အဲဒီနောက် မတ် ၈ ရက်နေ့မှာတော့ ဖလော်ရီဒါ ကမ်းလွန်ကနေ မိုင် ၂၀၀ လောက်အကွာကို ဆင်းသက်ခဲ့ပါတယ်။ ဒီပထမဆုံး စမ်းသပ်မစ်ရှင်မှာ အလေးချိန် ပေါင် ၄၀၀ ရှိတဲ့ စမ်းသပ်ပစ္စည်းတွေကို သယ်ဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် ရစ်ပလေလို့ခေါ်တဲ့ လူရုပ်ကိုပါ ခေါ်ဆောင်သွားပြီး အဲဒီ အရုပ်ရဲ့ ဦးခေါင်း၊ လည်ပင်း နဲ့ ကျောရိုးမှာ အာရုံခံကိရိယာတွေကို တပ်ဆင်ခဲ့ပါတယ်။ ဒါဟာ လူသားအနေနဲ့ ဒီခရီးစဉ်မျိုး လိုက်ပါစီးနင်းတဲ့အခါ ဘယ်လိုခံစားရမယ်ဆိုတာကို ပုံဖော်နိုင်ဖို့အတွက် သုတေသနပြုခဲ့တာပါ။
2 years Ago
Up