ပြည်​သူ့လွှတ်​​တော်​ဥက္ကဋ္ဌ ဟောပြောမည်

March 2, 2017

ဒဂုံမြို့သစ် အန်အယ်လ်ဒီ မဲဆွယ်ပွဲ  ပြည်​သူ့လွှတ်​​တော်​ဥက္ကဋ္ဌ ဟောပြောမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကြားဖြတ်လစ်လပ်မဲဆန္ဒနယ်တခု ဖြစ်တဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်မြင့်က ဒီနေ့မနက် လာရောက်မဲဆွယ်စည်းရုံး ဟောပြောမှာ ဖြစ်ပါတယ်။ ဒီနေ့ မဲဆွယ်စည်းရုံးပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ်များနဲ့ ပါတီဝင်များ တက်ရောက်လာတာကို တွေ့ရပါတယ်။ ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)က ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းကတော့ ဦးမြစိန် ဖြစ်ပါတယ်။
5 years Ago
Up