ပြည်ကြီးတံခွန်မြို့နယ်တွင် မူးယစ်ဆေး ကျပ်သိန်း ဘီလီယံ ၃၀ ကျော်ဖိုး ဖမ်းမိ

A d v e r t i s e m e n t With Us

May 8, 2018

ပြည်ကြီးတံခွန်မြို့နယ်တွင် သားအမိ ၂ ဦးအား သတ်ဖြတ်မီးရှို့ခဲ့သည့် တရားခံအား သေဒဏ်ချ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်မှာ သားအမိ ၂ ဦးကို ၂၀၁၇ ခု ဇန်နဝါရီလ ၁၉ ရက်နေ့က ခုတ်ထစ်မီးရှို့တဲ့အမှုနဲ့ပတ်သက်ပြီး တရားခံ ခိုင်ဝေကို မေလ ၈ ရက်နေ့ နေ့လယ် ၂ နာရီကျော်က အပြီးသတ်အမိန့်ချခဲ့ပါတယ်။ မန္တလေးခရိုင်တရားရုံးမှာ ဒုခရိုင်တရားသူကြီး ဒေါ်တင့်တင့်ဌေး ခုံအမှတ် (၇) က ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) ဂ နဲ့ သေဒဏ်၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ၁၀ နှစ်တို့ကို သီးခြားကျခံစေရန်အမိန့်ချခဲ့တာပါ။ တရားခံခိုင်ဝေ အနေနဲ့ အယူခံဝင်နိုင်ပြီး အယူခံပြင်ဆင်ချိန် ၇ ရက်ပေးခဲ့ပါတယ်။ တရားလိုပြသက်သေ ၁၄ ဦးကို စစ်ဆေးခဲ့ပြီး တရားခံဘက်က တရားခံနဲ့ တရားခံပြ သက်သေ တဦးကို စစ်ဆေးခဲ့ပါတယ်။ ရုံးချိန်းပေါင်း ၅၅ ချိန်းရှိခဲ့ပြီး ၁ နှစ်နဲ့ ၃ လ အကြာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တာပါ။ ပြစ်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး တရားလိုဖြစ်တဲ့ ကိုတင်ထွန်းဝင်းက “သေဆုံးသူတွေကို ပြန်လည်ရရှိနိုင်ခြင်းမရှိပေမယ့် တရားခံ ကျူးလွန်တာနဲ့ ကိုက်ညီမှုရှိတဲ့ ပြစ်ဒဏ်ကို ချမှတ်တာကြောင့် ကျေနပ်မှုရှိတယ်”လို့ ပြောပါတယ်။
3 years Ago

November 12, 2016

ပြည်ကြီးတံခွန်မြို့နယ်တွင် နေအိမ်တလုံး မီးလောင်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန် (၁၂) လမ်း၊ လမ်းသွယ် (၆)× (၇) ကြား၊ အိမ်းအမှတ် စ/၄ ရှိ ဒေါ်တင်တင်ဝင်းရဲ့နေအိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ RC တတပ်တိုက် နေအိမ်မှာ တပ်ဆင်ထားတဲ့ အဲယားကွန်း ဆေ့ကဒ် အပူလွန်ကဲရာမှ ၁၀ × ၄၀ ပေ ပတ်လည် အခန်းမှာ နိုဝင်ဘာ ၁၂ ရက် မနက် ၀၀း၂၀ မိနစ် က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ အမ်အိုအိုင်သတင်းမှာ ဖော်ပြပါတယ်။ မီးသတ်တာဝန်ရှိသူတွေအပါဝင် မီးငြှိမ်းသတ်ယာဉ် အစီး ၃၀၊ အုပ်ချုပ်မှုယာဉ် ၃စီး၊ သန္ဓေမီးသတ် ၅၅ ဦး၊ အရန်မီးသတ် (၈၀) ဦးနဲ့ ရပ်ကွက်နေ ပြည်သူတွေ ၀ိုင်းဝန်း ငြှိမ်းသတ်လို့ မနက် ၀၀း၅၄ နာရီ မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။ 14980809_1018135964980936_1655598827237942731_nမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု တစုံတရာ မရှိဘဲ မီးပေါ့ဆစွာ ဆောင်ရွက်သူ ဒေါ်တင်တင်ဝင်းကို ပြည်ကြီးတံခွန် မြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သတင်းဓာတ်ပုံ - အမ်အိုအိုင်
4 years Ago
More News
Up