ပြည်မြို့တွင် သတင်းသမားများ

June 2, 2019

ပြည်မြို့တွင် သတင်းသမားများစုပေါင်း၍ မြေလတ်အသံ သတင်းဌာန တည်ထောင်

ပြည်မြို့ကို အခြေပြုပြီး မြို့ကြီး ၁၀ မြို့ကျော်က သတင်းသမားတွေ စုပေါင်းပြီး မြေလတ်အသံသတင်းဌာနတခု တည်ထောင်လိုက်ပါတယ်။ ပြည်၊ ပခုက္ကူ၊ ပေါင်းတည်၊ မင်းတုန်း စတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီစတဲ့ ဒေသတွင်းက သတင်းထောက် ၂၀ ကျော်နဲ့ စတင်တည်ထောင်လိုက်တာပါ။ မင်းတုန်းမြို့က သတင်းထောက် ဦးနေမူးလူက "ကျနော်တို့တွေ သတင်းသမားအချို့တွေက ကိုယ်ပိုင်သတင်းပေးပို့တဲ့ တိုက်တွေက နယ်ကသတင်းသမားတွေ ဖြုတ်လိုက်ကြတယ်။ အချို့ သတင်းသမားက သတင်းရေးသားတာ တခုတည်းနဲ့ ဘဝရပ်တည်နေကြရတော့ ရေရှည်ရပ်တည် ဖို့ ခက်ခဲလာကြတယ်။ အဲဒါကြောင့် သတင်းဌာနတခုအဖြစ် ရေရှည်ရပ်တည်နိုင်အောင် အခုလို ပြည်ကို အခြေပြုပြီး သတင်းဌာနတခု တည်ထောင်ရတာ" လို့ ပြောပါတယ်။ လက်ရှိမှာ oline မီဒီယာအနေနဲ့ ရပ်တည်ပြီး စုပေါင်းပေးပို့ထားတဲ့ သတင်းတွေကို အခြားသတင်းဌာနကြီးတွေဆီ ပေးပို့မှာဖြစ်ပါတယ်။ "ကျနော်တို့ လောလောဆယ် သတင်းထောက်တွေ စုပေါင်းထဲဝင်တဲ့ ငွေကြေးနဲ့ပဲ ရပ်တည်နေကြရပါတယ်။ ခုနှစ် ၂၀၁၉ မှာ ပြန်ကြားရေးဌာနမှာ တရားဝင်မှတ်ပုံတင်ပြီး တရားဝင်သတင်းဌာနတခုအနေနဲ့ ပြုလုပ်တည်ထောင်လိုက်တာ။ နောက်ပိုင်း ရှေ့ရေရှည် ရပ်တည်ဖို့ ကြိုးစားလုပ်ကိုင်နေတယ်" လို့ ပြည်အခြေစိုက် သတင်းထောက် ကိုဆလိုင်းကောင်းမြတ်မင်းက ပြောပါတယ်။ ဖွင့်ပွဲကို ပြည်မြို့မြကျောက်ဂါးဒင်းမှာပြုလုပ်ပြီး ဌာဆိုင်ရာတွေ လွှတ်တော်ကိုယ်စားလှယ် တွေ၊ စာပေလောကသားတွေ တက်ရောက်ခဲ့ကြပါတယ်။ လက်ရှိသတင်းဌာနအသီးသီးကို သတင်းပေးပို့နေတဲ့ သတင်းသမား ၂၀ ကျော် ပါဝင်တည်ထောင်ထားတာဖြစ်ပါတယ်။ သန်းထိုက်မြင့်
2 years Ago

March 16, 2017

ပြည်မြို့တွင် သတင်းသမားများ စုစည်းပြီး မြေလတ် ဂျာနယ်လစ် ကွန်ရက်ဖွဲ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ သတင်းသမားတွေ စုစည်းပြီး သတင်းမီဒီယာ အခွင့်အရေးနဲ့ အခြား အကာအကွယ်တွေရရှိဖို့ ကွန်ရက်ဖွဲ့စည်းလိုက်ပါတယ်။ မြေလတ် ဂျာနယ်လစ်ကွန်ရက်ကို မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စတဲ့ ဂျာနယ်တွေ၊ ရုပ်သံတွေက သတင်းထောက် ၂၄ ယောက်၊ မြို့နယ်ပေါင်း ၁၂ ခုက သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတာပါ။ အတွင်းအရေးမှူး ကိုကောင်းလင်းက “ပြည်သူက သတင်းသမားများအချင်းချင်းကူညီနိုင်ဖို့နဲ့ ပြည်သူတွေက သတင်းအရင်းအမြစ်ပေးနိုင်ဖို့နဲ့ သတင်းသမားတွေ သတင်းပညာပေးနိုင်ဖို့အပါအ၀င်  သတင်းပညာဖလှယ်နိုင်ဖို့ ဖွဲ့စည်းတယ်” လို့ ပြောပါတယ်။ "ဖွဲ့စည်းဖြစ်ပုံက သတင်းသမားတွေရဲ့ အခွင့်အရေးတွေကို ခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေနဲ့ အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မူတွေကနေ ကာကွယ်ဖို့ ဖွဲ့စည်းထားတာပါ”လို့ မြေလတ်ဂျာနစ်ကွန် ရက်ရဲ့ သုတေသန တာဝန်ခံ ကိုမင်းညိုက ပြောပါတယ်။ ပြည်မှာ ဖွဲ့စည်းထားတဲ့ မြေလတ်ဂျာနယ်လစ်ကွန်ရက်ရဲ့ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်တာတွေနဲ့ သတင်းအချက်အလက်ဆိုင်ရာ သင်တန်းပေးတာတွေ လုပ်ကိုင်မယ်လို့ ကွန်ရက်မှာ ပါဝင်တဲ့ သတင်းသမားတွေက ဆိုပါတယ်။ သတင်း - သန်းထိုက်မြင့်
5 years Ago
Up