ပြည့်တန်ဆာရုံ

March 23, 2018

ပဲရစ်မြို့မှ လိင်ဆက်ဆံဖော်အရုပ် ပြည့်တန်ဆာရုံ ပိတ်သိမ်းရန် တောင်းဆို

လိင်ဆက်ဆံဖော်အရုပ် ငှားရမ်းနိုင်တဲ့ ပဲရစ်မြို့ရှိ အငြင်းပွားဖွယ်ရာ ပြည့်တန်ဆာရုံတွေက အဓမ္မပြုကျင့်မှုတွေကို တွန်းအားပေးနေတယ်လို့ အမျိုးသမီးအဖွဲ့တွေနဲ့ ဒေသခံ လက်ဝဲပါတီ အမတ်တွေက စွပ်စွဲပြီး ပိတ်သိမ်းဖို့ တောင်းဆိုနေကြပါတယ်။ မြို့မြောက်ဘက်က ပြည့်တန်ဆာရုံတွေရှိရာနေရာနဲ့ ခပ်ဝေးဝေး မြို့တောင်ဘက်က မထင်မရှား အခန်းတခုမှာ ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ လိင်ဆက်ဆံဖော်အရုပ် ၄ ရုပ်ကို တနာရီ ၈၉ ယူရို (ထိုင်းဘတ်ငွေ ၃၄၃၅ ဘတ်) နှုန်းနဲ့ ဖေဖေါ်ဝါရီလကတည်းက ငှားရမ်းနိုင်တာပါ။ အမျိုးသမီးအဖွဲ့တွေနဲ့ လက်ဝဲပါတီ အမတ်တွေရဲ့ တိုင်တန်းမှုတွေကြောင့် ပဲရစ်မြို့ကောင်စီက အဲဒီ လိင်ဆက်ဆံဖော်အရုပ် ငှားရမ်းနိုင်တဲ့ ပြည့်တန်ဆာရုံကို ပိတ် မပိတ် ဒီအပတ်ထဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။ လိင်ဆက်ဆံဖော် ပြည့်တန်ဆာရုံကိစ္စက ဥပဒေကို ချိုးဖောက်နေလားဆိုတာ မြို့အာဏာပိုင်တွေအနေနဲ့ ရှင်းပြဖို့ ကွန်မြူနစ်အဖွဲ့ဝင်တွေ ဦးဆောင်ကာ ပဲရစ်မြို့မှာ လူစုလူဝေးနဲ့ တောင်းဆိုခဲ့ကြပါသေးတယ်။ ဒီ လိင်ဆက်ဆံဖော် အရုပ်တွေက အမျိုးသမီးတွေရဲ့ပုံရိပ်ကို တန်ဖိုးကျစေတယ်၊ အဲ့ဒီက ဆူညံသံတွေက အဓမ္မပြုကျင့်လို့ ထွက်လာတဲ့အသံတွေနဲ့ တူတယ်လို့ ကွန်မြူနစ်အုပ်စုရဲ့ခေါင်းဆောင် နစ်ကိုးလပ်စ်ဘွန်နက်က သတင်းထောက်တွေကို ဒီအပတ်ထဲမှာ ပြောလိုက်ပြီး ဒီလုပ်ငန်းကို ရပ်ဆိုင်းစေချင်တယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။ ဒီလုပ်ငန်းရဲ့ပိုင်ရှင်ကို ရဲတွေက စုံစမ်းပြီး ရှင်းထုတ်ခဲ့တယ်လို့ ပဲရစ်ရှန်းသတင်းစာက ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေး တောင်းဆိုတဲ့ နစ် (Nid) အုပ်စုရဲ့ ပြောရေးဆိုခွင့်ရှိသူနဲ့ ရှေ့နေလည်းဖြစ်သူ လော်ရိန်းက ဒီ လိင်ဆက်ဆံဖော်အရုပ် ပြည့်တန်ဆာရုံကို ပိတ်သိမ်းဖို့ ဥပဒေကြောင်းအရတော့ မရှိပါဘူးလို့ ပြောခဲ့ပေမယ့် ဒါက ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ လော်ရိန်းက “အဓမ္မပြုကျင့်မှုတွေကို ပိုမိုမြှင့်တင်နိုင်တဲ့ စိတ်ကူးကို အခြေခံတဲ့ ဒီလုပ်ငန်းတွေ ပြင်သစ်နိုင်ငံမှာ ခွင့်ပြုရမလား” လို့ မေးခွန်းထုတ်ထားပြီး ပဲရစ်က တခြားနိုင်ငံရေးသမားတွေကတော့ ဒီလုပ်ငန်းရပ်တည်ဖို့ အခွင့်အရေးကို ကာကွယ်ပြောဆိုခဲ့ကြပါတယ်။ ပါတီတခုရဲ့ ခေါင်းဆောင် Eric Aziere က “လိင်ဆက်ဆံဖော်အရုပ် ပြည့်တန်ဆာရုံ စီးပွားရေးကို ပိတ်သိမ်းချင်တာဟာ အရွယ်ရောက်ပြီးသူတွေရဲ့ တဦးချင်းလွတ်လပ်မှုကို စိုးရိမ်စရာဖြစ်တယ်။ အဲဒါက တရားမဝင်ဘူး” လို့ပြောကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ မတ်လ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago

June 19, 2015

သြစတြီးယား ပြည့်တန်ဆာရုံပိုင်ရှင် အခွန်မဆောင်နိုင်သဖြင့် အခမဲ့လိင်ပျော်ပါးခွင့်ပြု

သြစတြီးယားနိုင်ငံ၊ ဂျာမနီနယ်စပ် Salzburg မြို့က ပြည့်တန်ဆာရုံပိုင်ရှင်တဦးက အစိုးရဆီ အခွန်ဆောင်ရတာ မတတ်နိုင်တော့လို့ ပြည့်တန်ဆာတွေနဲ့ လိင်ပျော်ပါးလိုသူတွေကို အခမဲ့ ပျော်ပါးခွင့် ပြုလိုက်ပါတယ်။ အခုလိုလုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အစိုးရ အခွန်အာဏာပိုင်တွေကို ဆန္ဒပြတာပါလို့ Pascha လို့ အမည်ပေးထားတဲ့ ပြည့်တန်ဆာရုံပိုင်ရှင်က ပြောဆိုပါတယ်။ “၀င်ငွေတပြားမှမရှိတော့တဲ့ ကျနော့်ရဲ့လုပ်ငန်းကို ဘာနဲ့အခွန်ကောက်မလဲ။ ကျနော့်ကို ဘာနဲ့ အခွန်ကောက်မလဲ။ အဲ့ဒါ ကျနော်သိချင်လို့ပါ။” “အခုချိန်ကစပြီး အခွန်လည်း မဆောင်တော့ပါဘူး။ လူတိုင်းလည်း အလကားဝင်လို့ရပါပြီ။ အလကားသောက်လို့ ရပါပြီ။ ပြည့်တန်ဆာတွေနဲ့ အလကားလည်း ပျော်ပါးနိုင်ပါပြီ။” ဆိုပြီး သူ့ရဲ့ ပြည့်တန်ဆာရုံ ၀က်ဘ်ဆိုက်မှာ ကြော်ငြာထားပါတယ်။ ဒီအချိန်အခါမျိုးကို စောင့်နေတဲ့ လိင်ပျော်ပါးသူ အမျိုးသားတွေလည်း ပြည့်တန်ဆာရုံရှေ့မှာ တန်းစီနေတဲ့ပုံတွေကို မြို့ခံသတင်းစာတစောင်က ပြီးခဲ့တဲ့တပတ်က ဖော်ပြခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူ မူလာ (Mueller) က ပြီးခဲ့တဲ့ ၁၀ နှစ်တာအတွင်း ယူရိုငွေ ၅ သန်း အခွန်ဆောင်ခဲ့ရပြီးပြီ၊ သူ့ဆိုင်က ပြည့်တန်ဆာတွေအတွက် ပေးရမယ့် လုပ်ခလစာ ယူရိုငွေ ၁ သောင်းလောက်ကို သူ့အိတ်ထဲကပဲ စိုက်ပေးမယ်ဆိုပြီးတော့လည်း သတင်းစာမှာ ဖော်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအခွန်ရုံးကတော့ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။
6 years Ago
Up