ပြည့်တန်ဆာလုပ်ငန်း

June 2, 2018

ပြည့်တန်ဆာလုပ်ငန်းနှင့် ဆက်စပ်သည့် ထိုင်းအမျိုးသမီး ၈ ဦးကို အိန္ဒိယ နှင်ထုတ်

နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းတခုမှ ကယ်တင်ထားတဲ့ ထိုင်းအမျိုးသမီး ၈ ဦးကို နေ့လယ် ၃ နာရီ ၃၀ မတိုင်ခင် တိုင်းပြည်မှထွက်ခွာရန် အိန္ဒိယနိုင်ငံ အိုဒီရှာပြည်နယ်ရဲတပ်ဖွဲ့က မေ ၂၉ ရက်နေ့က အမိန့်ထုတ် ပြန်ခဲ့ပါတယ်။ နှင်ထုတ်ခံရတဲ့အမျိုးသမီးတွေဟာ ဘာပူဂျာ နာဂါဧရိယာရှိ အနှိပ်ခန်းအယောင်ပြ နာမည်ကျော် ပြည့်တန်ဆာလုပ်ငန်းတွေကို ဝင်ရောက်စီးနင်းချိန် မေ ၁၉ ရက်နေ့မှာ ကယ်တင်နိုင်ခဲ့သူတွေဖြစ်တယ်လို့ အိုဒီရှာပြည်နယ်ရဲကော်မရှင်နာ ကပြောပါတယ်။ အမျိုးသမီးတွေ ပြည့်တန်ဆာလုပ်ငန်းမှာ ကိုယ်တိုင် ပါဝင်နေတာဟာ ဗီဇာဆိုင်ရာ သတ်မှတ်ချက်တွေကို ချိုးဖောက်တာဖြစ်တဲ့အတွက်ကြောင့် သူတို့ အခုလို နှင်ထုတ်ရတာလို့ ဆိုပါတယ်။ နှင်ထုတ်ခံရသူတွေက အချို့မှာ ခရီးသွားဗီဇာကို ကိုင်ဆောင်ထားသူတွေဖြစ်ပြီး အချို့မှာ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခွင့်ဗီဇာကိုင်ဆောင်ထားသူတွေ ဖြစ်တယ်လို့လည်း ထုတ်ပြန်ခဲ့တဲ့အမိန့်စာမှာ ဖော်ပြထားပါတယ်။ ပြည့်တန်ဆာလုပ်ငန်းကို ဝင်ရောက်စီးနင်းစဉ် အမျိုးသား ၇ ဦးကိုပါ ဖမ်းဆီးခဲ့ကြောင်းလည်း ရဲကော်မရှင်နာကပြောပါတယ်။ အိုဒီရှာပြည်နယ်ရဲတပ်ဖွဲ့ဟာ မကြာသေးခင်ကလည်း အလားတူစီးနင်းမှုမျိုးပြုလုပ်ခဲ့ပြီး အမျိုးသမီး ၃ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်နေတဲ့ အမျိုးသား ၃  ဦးကိုပါ ဖမ်းဆီးခဲ့ပါတယ်။ အိုဒီရှာပြည်နယ်အစိုးရဟာ ပြီးခဲ့တဲ့နှစ်ကလည်း အလားတူ ကိစ္စမျိုးကြောင့် ထိုင်းအမျိုးသမီး ၃ ဦးကို တိုင်းပြည်မှ နှင်ထုတ်ခဲ့ဖူးပါတယ်။
3 years Ago
Up