ပြည်ထောင်စု အင်္ဂါစဉ်သတ်မှတ်ချက် မဏ္ဍိုင်ကြီး ၃ ရပ်ကို အခြေခံဟု သမ္မတရုံးပြော

A d v e r t i s e m e n t With Us

April 30, 2016

ပြည်ထောင်စု အင်္ဂါစဉ်သတ်မှတ်ချက် မဏ္ဍိုင်ကြီး ၃ ရပ်ကို အခြေခံဟု သမ္မတရုံးပြော

  ပြည်ထောင်စု အင်္ဂါစဉ် သတ်မှတ်ချက်ဟာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို နံပါတ် ၂ နေရာမှာ ထားတာကလွဲပြီး အရင် အစိုးရလက်ထက် အင်္ဂါစဉ်နဲ့ ကွားခြားချက် မရှိဘူးလို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ ဧပြီ ၂၇ ရက်ရက်စွဲနဲ့ သမ္မတရုံးကထုတ်ပြန်ခဲ့တဲ့  ပြည်ထောင်စု အင်္ဂါစဉ် သတ်မှတ်ချက်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတ-၁၊ ဒုသမ္မတ-၂ စသဖြင့် အစဉ်လိုက်ဖော်ပြထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ တရားသူကြီးချုပ်ရဲ့နောက် နံပါတ် ၈ နေရာမှာ ရှိပါတယ်။ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ သူတို့အနေနဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကိုကြည့်ပြီး အင်္ဂါစဉ်တာလို့ ပြောပါတယ်။ “မဏ္ဍိုင်ကြီး ၃ ရပ်ကို ကျနော်တို့ တည်လိုက်တယ်၊ တည်လိုက်တော့ အစိုးရဘက်မှာ သမ္မတ၊ ဒုသမ္မတ ၃ ဦးရှိမယ်၊ လွှတ်တော်ဘက်မှာ လွှတ်တော်ဥက္ကဋ္ဌတွေရှိမယ်၊ ပြီးရင် တရားရေးမဏ္ဍိုင် ပြည်ထောင်စုတရားသူကြီးချုပ်ရှိမယ်၊ ပြီးတော့မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် စသဖြင့် ၀င်တာ ဖြစ်ပါတယ်။” အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံဥပဒေအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပေါ်ပေါက်လာတဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်နေရာအတွက် စဉ်းစားပြီး ထုတ်ပြန်ခဲ့တယ်လို့လည်း ပြောပါတယ်။ နိုင်ငံတိုင်းမှာ ပြည်ထောင်စုအင်္ဂါစဉ်ဆိုတာ ရှိကြသလို မြန်မာနိုင်ငံမှာလည်း ရှိပြီး အရင် စစ်အစိုးရအဆက်ဆက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တို့မှာ အခုလို တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ 1 2
5 years Ago
Up