ပြည်ကျော်ဟန်ရဲ့

January 15, 2017

ပြည်ကျော်ဟန်ရဲ့ တကိုယ်တော် ပန်းချီပြပွဲ

ပန်းချီဆရာ ပြည်ကျော်ဟန်ရဲ့တစ်ကိုယ်တော် ပန်းချီပြပွဲကို မန္တလေးတောင်ပန်းချီပြခန်းမှာ ဇန်နဝါရီ ၁၄ ရက် မနက် ၉ နာရီက စတင်ပြသနေပါတယ်။ အခုပြသတဲ့ ပြပွဲဟာ ပန်းချီဆရာ ပြည်ကျော်ဟန်အတွက် မန္တလေးမြို့မှာ တကိုယ်တော်ပြပွဲအဖြစ်  ပထမဆုံးအကြိမ်ပြသတာပါ။ ပြသထားတဲ့ ပန်းချီကားတွေကို ရေဆေး အခရိုင်းလစ်ဆေးတွေနဲ့ ရေးဆွဲထားတာ ဖြစ်ပြီး ဝယ်ယူလိုသူတွေအတွက်လည်း ဈေးနှုန်း သတ်မှတ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ပြပွဲက ဇန်နဝါရီလ ၁၈ ရက်နေ့ထိ ပြသသွားမှာဖြစ်ပါတယ်။
5 years Ago
Up