ပြည်သူ့အောင်ပွဲ အထိမ်းအမှတ် ထားဝယ်တွင် စာပေဟောပြောပွဲ ပြုလုပ် (ဓာတ်ပုံ)

A d v e r t i s e m e n t With Us

April 7, 2016

ပြည်သူ့အောင်ပွဲ အထိမ်းအမှတ် ထားဝယ်တွင် စာပေဟောပြောပွဲ ပြုလုပ် (ဓာတ်ပုံ)

၂၀၁၅ ရွေးကောက်ပွဲ ပြည်သူ့အောင်ပွဲ အထိမ်းအမှတ်ဖြစ် တနင်္သာရီတိုင်း ထားဝယ်မြို့ အထက (၁) ကျောင်းဝင်းအတွင်းမှာ စာပေချစ်မြတ်နိုးသူတွေ ဦးဆောင်ပြီး စာပေဟောပြောပွဲတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ စာပေဟောပြောပွဲကို ဧပြီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး စာရေးဆရာတွေဖြစ်ကြတဲ့ ဆရာကြည်မင်း၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆောင်းဝင်းလတ်၊ ကိုလေး (အင်းဝဂုဏ်ရည်) နဲ့ ဦးမင်းကိုနိုင် (၈၈ ငြိမ်း/ပွင့်) တို့ ဟောပြောခဲ့ကြပါတယ်။ ဟောပြောပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊  လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နဲ့ စာပေချစ်မြတ်နိုးသူတွေ တက်ရောက်ခဲ့ကြပါတယ်။ (ဓာတ်ပုံ - ထွန်းကျော်မောင်)    
5 years Ago
Up