ပြည်သူ့ဆေးရုံ

February 4, 2019

ကလေးမြို့က ရင်ချင်းဆက်အမြွှာ သေဆုံး

ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်က  မွေးဖွားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရင်ချင်းဆက်အမြွှာ မိန်းကလေး ၂ ဦးဟာ သေဆုံးသွားပြီလို့ ဖခင်ဖြစ်သူက ပြောပါတယ်။ ရင်ချင်းဆက်အမြွှာရဲ့ ဖခင် ကိုကျော်ဇေယျက "၂ ရက်ပဲ အသက်ရှင်တယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၂ နာရီလောက်က သေဆုံးသွားခဲ့တယ်။ ရက်နည်းနည်းထားပြီး နေကောင်းရင် မန္တလေးပို့ ခွဲစိတ်ဖို့ စောင့်နေရင်း" လို့ ပြောပါတယ်။ အမြွှာကလေးငယ်ဟာ ရင်ချင်းဆက်အမြွှာ ဆိုပေမယ့် တယောက်စာ အဆုပ် အသည်း နဲ့ အသက်ရှင်နေရတာကြောင့် ရှင်သန်နိုင်ဖို့ အခက်အခဲဖြစ်ပြီး သေဆုံးတာလို့ ကလေးအထူကု ဆရာဝန်ကြီး ဒေါက်တာ နုနုထွေးက ပြောပါတယ်။ အမြွှာကလေးငယ်တွေကို ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၃ မှာ နေတဲ့ ဦးကျော်ဇေယျနဲ့ သီတာဝင်းတို့က မွေးဖွားခဲ့တာဖြစ်ပြီး ရင်ချင်းဆက်အမြွှာကလေးငယ် ၂ ဦးဟာ မြန်မာနိုင်ငံရဲ့ ၈ ယောက်မြောက် အမြွှာလည်း ဖြစ်ပါတယ်။ မင်းရဲစစ်နိုင်
2 years Ago
Up