ပြည်သူ့ဝန်ဆောင်မှု

July 20, 2019

ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းသည့် အီရတ်အစိုးရကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ

အီရတ်နိုင်ငံက ရေနံကြွယ်ဝတဲ့ ဘာဆရာမြို့မှာ ဇူလိုင်လ ၁၉ ရက်က အစိုးရရဲ့ ပြည်သူ့ဝန်ဆောင်မှု ညံ့ဖျင်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသား ဉာဏ်ပညာလှုပ်ရှားမှု ထောက်ခံသူတွေက လမ်းပေါ်ထွက်ပြီး အခြေခံ အဆောက်အအုံ ၀န်ဆောင်မှုပိုင်း ဆိုးရွားတဲ့အပေါ် အစိုးရကို ဆန့်ကျင်ဆန္ဒပြကြတာပါ။ ဆန္ဒပြသူတွေက အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့တာမို့  လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။ အဲဒီလိုပဲ ဘဂ္ဂဒက်မြို့ အစိမ်းရောင်ဇုန်မှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ ဆန္ဒပြသူတွေက ၀န်ကြီးချုပ်ရုံးရှေ့မှာ လူထုစည်းဝေးပွဲ ကျင်းပခဲ့ပါတယ်။ ဆန္ဒပြသူတွေက အစိုးရကို ပြည်သူ့ဝန်ဆောင်မှု ပိုကောင်းအောင် လုပ်ပေးရေးနဲ့ အလုပ်အကိုင်တွေ ပိုမိုဖန်တီးပေးရေး တောင်းဆိုခဲ့ပါတယ်။ ဘာဆရာဆန္ဒပြပွဲ ပြောခွင့်ရပုဂ္ဂိုလ်က “ဘာဆရာမြို့ဟာ ဆိပ်ကမ်းမြို့၊ လူသားရင်းမြစ် သယံဇာတရင်းမြစ် ကြွယ်ဝတဲ့မြို့ဖြစ်ပြီး ဘာဆာမြို့သူမြို့သားတွေဟာ ဆင်းဆင်းရဲရဲ နေကြရတယ်” လို့ ပြောပါတယ်။
2 years Ago
Up