ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်

October 7, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို အာဆင်နယ်ပွဲ လာကြည့်ရန် လန်ဒန်ကိုဖိတ်ခေါ်

ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို လန်ဒန်လာပြီး အာဆင်နယ်ဘောလုံးပွဲကြည့်ဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ ရန်ကုန် ဗြိတိန်သံရုံးက သတင်းထုတ်ပါတယ်။ အောက်တိုဘာ ၅ ရက်က နေပြည်တော်မှာ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး တွေ့ဆုံစဉ် ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဂျွန်ဘာဂိုးက အခုလို ဖိတ်ကြားခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးစလုံးဟာ အင်္ဂလန် ပရီးမီးယားလိဂ်က အာဆင်နယ်ဘောလုံးအသင်း ပရိသတ်တွေ ဖြစ်ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို အာဆင်နယ်အသင်း ထီးတလက် လက်ဆောင်ပေးခဲ့ပါသေးတယ်။
5 years Ago

February 1, 2016

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ပထမဆုံး နှုတ်ခွန်းဆက်စကား(ရုပ်သံ)

ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပထမ ရက်မြောက်နေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့်နဲ့ ဒုဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်တို့ကို အတည်ပြုခဲ့ပြီးနောက် အကြီးအကဲနှစ်ဦးက ကတိသစ္စာပြုခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ပြည်သူ့လွှတ်တော်အကြီးအကဲ နှစ်ဦးက ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄ အရ လွှတ်တော်ရဲ့ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ လက်မှတ်ရေးထိုးခဲ့ပြီးနောက် သဘာပတိက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို တာဝန်လွှဲအပ်ပေးခဲ့ပါတယ်။ ဒီနောက် ဦးဝင်းမြင့်က ပထမဆုံး လွှတ်တော် နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့ပါတယ်။
6 years Ago
Up