မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
သတင်းဓာတ်ပုံ
နိုင်ငံတကာ
အားကစား
ဘောလုံး
တင်းနစ်
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
ပြည်သူ့လွှတ်တော်ကိုလေ့လာရန် အွန်လိုင်းမှ လျှောက်ထားနိုင်
Home
ပြည်သူ့လွှတ်တော်ကိုလေ့လာရန် အွန်လိုင်းမှ လျှောက်ထားနိုင်
October 3, 2017
2.7K
ပြည်သူ့လွှတ်တော်ကိုလေ့လာရန် အွန်လိုင်းမှ လျှောက်ထားနိုင်
နေပြည်တော်မှာရှိတဲ့ လွှတ်တော်တွေကို အများပြည်သူ လေ့လာနိုင်တဲ့ နေရာတွေအဖြစ် သတ်မှတ်ထားပြီး သွားရောက်လေ့လာမယ်ဆိုရင် အွန်လိုင်းကတဆင့် လျှောက်ထားနိုင်အောင် ပြည်သူ့လွှတ်တော်က စီစဉ်ထားပါတယ်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေကို တယောက်ချင်း ဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် သွားရောက်လေ့လာနိုင်တဲ့နေရာတွေအဖြစ် သတ်မှတ်ထားပြီး ခရီးသွား ကုမ္ပဏီတွေ အနေနဲ့လည်း နေပြည်တော်ခရီးစဉ်တွေမှာ လွှတ်တော်တွေကို လေ့လာရေး ထည့်သွင်းနိုင်တယ်လို့ ကြေညာခဲ့တာပါ။
ပြည်ထောင်စုလွှတ်တော် စီမံရေးဌာန တာဝန်ရှိသူတယောက်က “ခရီးသွား လုပ်ငန်းတွေကတဆင့် ဝင်ရောက်တဲ့ လူဦးရေက ပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆီကတဆင့်လာတဲ့ ဦးရေရဲ့ သုံးပုံတပုံလောက်ရှိပါတယ်။ အစည်းအဝေးမရှိတဲ့ ရက်တွေ ဆိုရင်တော့ လုံးဝမလာကြတာလည်း ရှိတယ်” လို့ ပြောပါတယ်။
အခုလို ပြည်သူ့လွှတ်တော်က အွန်လိုင်းက တိုက်ရိုက်ဖောင်ဖြည့် လျှောက်ထားနိုင်တဲ့ စနစ်လုပ်လိုက်ပေမယ့် အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေကိုတော့ အီးမေးလ်နဲ့ ဖုန်းကတဆင့် လျှောက်ထားနိုင်ပါတယ်။
လွှတ်တော်တွေကို တနင်္လာကနေ သောကြာနေ့အထိ နေ့စဉ် မနက် ၉ နာရီက ညနေ ၄ နာရီ အထိလေ့လာနိုင်ပြီး အစည်းအဝေးတွေကိုလည်း တက်ရောက်လေ့လာနိုင်ပါတယ်။ အစည်းအဝေးတွေ တက်ရောက်မယ်ဆိုရင်တော့ ပြီးဆုံးအောင်တက်ဖို့နဲ့ တခြား စည်းကမ်း တချို့ကိုလည်း လိုက်နာ ရမှာ ဖြစ်ပါတယ်။
လွှတ်တော် သုံးခုလုံးအတွက် လွှတ်တော်ရုံးညွှန်ကြားရေးမှူးကို လိပ်မူပြီး စာ၊ အီးမေးလ်၊ ဖက်စ်တွေနဲ့ ၃ ရက်ကြိုတင် လျှောက်ထားနိုင်ပါတယ်။
လူအမည်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်/ပတ်စပို့နံပါတ်၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ဝင်ရောက်မယ့် ယာဉ်နံပါတ်နဲ့ ယာဉ်မောင်းစာရင်းတွေကို ဖုန်းနံပါတ် ၀၆၇ ၅၉၁၃၀၉၊ အီးမေးလ်
[email protected]
,
[email protected]
ကို ပေးပို့ရမှာပါ။
ပြည်သူ့လွှတ်တော်ကို တိုက်ရိုက်လျှောက်ထားမယ်ဆိုရင်လည်း ၃ ရက် ကြိုတင်လျှောက်ရမှာ ဖြစ်ပြီး
http://pyithu.hluttaw.mm/contact/registration_form
မှာ ဝင်ရောက် လျှောက်ထား နိုင်ပါတယ်။
4 years Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up