ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်

June 21, 2017

နိုင်ငံတကာ ယောဂနေ့ ပြည်သူ့ရင်ပြင်တွင် ကျင်းပ (ဓာတ်ပုံ)

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ ယောဂနေ့ကို မြန်မာနိုင်ငံမှာ တတိယအကြိမ်မြောက် ကျင်းပခဲ့ပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ယောဂကျင့်စဉ်နေ့ကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့တာပါ။ အခမ်းအနားမှာ ယောဂအဖွဲ့ပေါင်း ၁၆ ဖွဲ့လောက်က ယောဂလေ့ကျင်သူပေါင်း ၃၀၀ လောက် ပါဝင်ခဲ့ပါတယ်။ ဒီအခမ်းအနားကို အရင်နှစ်တွေက အိန္ဒိယသံရုံးရဲ့အကူအညီနဲ့ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပခဲ့တယ်လို့ ယောဂမြန်မာရဲ့ သင်တန်းဆရာ ဦးခင်မောင်ရွှေက ပြောပါတယ်။
4 years Ago

December 27, 2016

နှစ်သစ်ကူး ပြည်သူ့ပွဲတော် ပြည်သူ့ရင်ပြင်တွင် ကျင်းပမည်

ဂီတဖျော်ဖြေပွဲတွေနဲ့ ဈေးရောင်းပွဲတွေပါဝင်တဲ့ ပြည်သူ့ပွဲတော် Public Festival ကို လာမယ့် ဒီဇင်ဘာ ၃၀ ကနေ ၃၁ ရက်နေ့အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားဖို့ရှိနေပါတယ်။ ဒီပွဲကို Nine Planets Entertainment ကစီစဉ်တာဖြစ်ပြီး  ပွဲတော်မှာ နာမည်ကြီး IC တေးဂီတအဖွဲ့နဲ့ Rock အဆိုတော်တွေ၊  Big Bag ၊ Idoits ၊ Reason တို့အပြင်Rapနဲ့Hip Hop အဆိုတော်တွေ လည်း ပါဝင်သီဆိုကြမှာဖြစ်ပါတယ်။ ဒီပွဲကိုလာရောက်တဲ့ ပရိတ်သတ်တွေကိုလုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးနဲ့ စီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး  ဦးညီညီက ပြောပါတယ်။
5 years Ago
Up