ပြည်သူ့ရင်ပြင်

April 6, 2019

သနပ်ခါးသင်္ကြန်မိတ်ဆက်ပွဲ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်

သနပ်ခါးသင်္ကြန်မိတ်ဆက်ပွဲကို ဧပြီ ၆ ရက်နေ့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနား မြန်မာအမျိုးသမီးတွေ သနပ်ခါးလိမ်းတဲ့ ဓလေ့ထုံးတမ်းကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ မြန်မာရိုးရာအတာသင်္ကြန်ရဲ့ အနှစ်သာရ ပိုမိုပေါလွင်စေဖို့အတွက် အခုလို ကျင်းပရတာလို့ ပွဲစီစဉ်သူကပြောပါတယ်။ အခုလို သနပ်ခါးသင်္ကြန်ကို ရန်ကုန်မြို့မှာတင်မကပဲ နယ်မြို့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အရင်ရှေးရိုးသင်္ကြန်လေးပျောက်ကွယ်မသွားဖို့ လမ်းလျောက်သင်္ကြန်တွေလည်း ပြန်လည်ကျင်းပလာကြပါတယ်။ သနပ်ခါးအကြိုသင်္ကြန်က ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး သင်္ကြန်တွင်း အလုပ်မအားသူတွေအတွက် ကြိုတင်ပြီး ဧပြီလ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြည်သူ့ရင်ပြင်က Sansaung food မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတတယ်။ ဒ့ါအပြင် ထူးထူးခြားခြားနဲ့ ဒူးရင်းသီးမုန့်လုံးရေပေါ ကျွေးမွေးသွားမှာဖြစ်ပြီး မည်သူမဆို လာရောက်ဆင်နွှဲနိုင်တယ်လို့ ပွဲစီစဉ်သူကပြောပါတယ်။
3 years Ago

March 15, 2019

ကမ္ဘာ့စားသုံးသူ အခွင့်အ​ရေးများ​နေ့ အခမ်းအနား ပြည်သူ့ရင်ပြင်တွင် ကျင်းပ

စားသုံးသူ​တွေအ​နေနဲ့ ရသင့်ရထိုက်​တဲ့ အခွင့်​အ​ရေး​တွေကို သိရှိ​စေဖို့အတွက်​ ကမ္ဘာ့စားသုံးသူ အခွင့်အ​ရေးများ​နေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်​ ၁၅ ရက်​​နေ့က ပြည်​သူ့ရင်​ပြင်​မှာ ပြုလုပ်​ခဲ့ပါတယ်​။ စားသုံးသူရပိုင်ခွင့် အခွင့်အ​ရေး ၈ ချက်​ထဲမှာ အ​ခြေခံလိုအပ်​ချက်​တွေ ရပိုင်​ခွင့်၊ ​ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်​ယူသုံးစွဲပိုင်​ခွင့်၊ သတင်းအချက်​အလက် ​ရပိုင်​ခွင့်၊ ​ရွေးချယ်​ပိုင်​ခွင့်၊ အ​ရေးဆိုတင်​ပြပိုင်​ခွင့်၊ ​လျော်​​ကြေးရပိုင်​ခွင့်၊ စားသုံးသူဆိုင်​ရာ အသိပညာရပိုင်​ခွင့်၊ သန့်​ရှင်းကျန်းမာ​သော ပတ်​ဝန်းကျင်​တွင် ​ရှင်​သန်​​နေထိုင်​ခွင့် စတာ​တွေ ပါရှိပါတယ်​။ စားသုံးသူ​တွေအ​နေနဲ့ မိမိတို့ရဲ့ ရသင့်တဲ့ အခွင့်အ​ရေး ချိုး​ဖောက်​ခံရရင်​ စားသုံးသူများသမဂ္ဂကို အွန်​လိုင်းက​တဆင့် တိုင်​ကြားနိုင်​ပြီး မှန်​မှန်​ကန်​ကန် ​တိုင်​ကြားလာသူ​တွေကို ဖုန်း​ဘေလ်​ ၃၀၀၀ ကျပ်​ ပြန်​လည်​ဖြည့်သွင်း​ပေးမယ်​လို့ မြန်​မာစားသုံးသူများသမဂ္ဂရဲ့ တာဝန်​ရှိသူက​ ပြောပါတယ်​။ သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်
3 years Ago
More News
Up