ပြည်သူ့ပါတီ မန္တလေးတိုင်းရုံးဖွင့်လှစ်၊ ရှမ်းပြည်နယ်တွင် ရုံးခွဲဆက်ဖွင့်လှစ်မည်

January 14, 2019

ပြည်သူ့ပါတီ မန္တလေးတိုင်းရုံးဖွင့်လှစ်၊ ရှမ်းပြည်နယ်တွင် ရုံးခွဲဆက်ဖွင့်လှစ်မည်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့နဲ့ ထူထောင်ထားတဲ့  ပြည်သူ့ပါတီဟာ မန္တ​လေးမြို့၊ ချမ်း​အေးသာစံမြို့နယ်​ ၃၃ လမ်း ၃၄ လမ်းကြား လမ်း ၇၀ မှာ ပြည်သူ့ပါတီရဲ့ တိုင်းရုံးခန်းကို ဇန်​နဝါရီ ၁၃ ရက်​​နေ့က ဖွင့်လှစ်​လိုက်ပါတယ်​။ ပြည်​သူ့ပါတီ(ဗဟို)ဥက္ကဋ္ဌက ဦးကိုကိုကြီးက “ဒီမိုက​ရေစီအ​ရေးဆိုတဲ့အနှစ်​သာရဟာ အပြန်​အလှန်​ထိမ်း​ကြောင်းတဲ့ စနစ်​တခု​ပေါ်​ပေါက်​လာဖို့ ဖြစ်​ပါတယ်​။ ပါတီတရပ်​​ ပေါ်​ပေါက် ​လာတယ်​ဆိုတာ ပါတီစုံဒီမိုက​ရေစီစနစ်​ အား​ကောင်း​အောင်​ သန်​စွမ်း​အောင်​​ဆောင်​ရွက်​ခြင်း ဖြစ်​တယ်​လို့ ယုံကြည်​ပါ တယ်​။ တချိန်​ထဲမှာ ကျ​နော်တို့ရဲ့ နိုင်​ငံ​ရေးဖြတ်​သန်းမှု အ​တွေ့အကြုံ​တွေ၊ စိတ်​​စေတနာ​တွေ ကိုယ်​​တွေ့ဖြတ်​သန်းမှုတွေ စတဲ့ ​လေ့လာသင်​ယူခဲ့တဲ့ အ​တွေ့အကြုံအားလုံးကို ထိထိ​ရောက်​​ရောက်​ အသုံးချနိုင်​ဖို့အတွက်​ နိုင်​ငံ​ရေးပါတီတရပ်​ ထူထောင်ခဲ့တာဖြစ်​တယ်​”လို့ ​ပြောပါတယ်​။ ပြည်သူ့ပါတီအနေနဲ့ ရန်ကုန်၊ ဧရာဝတီနဲ့ ​ညောင်​ဦးမှာ တိုင်းနဲ့ ပြည်နယ်ရုံးတွေကို အမြန်​ဆုံးဖွင့်လှစ်​သွားမှာဖြစ်​ပြီး ဒီရက်​ပိုင်းမှာဘဲ ရှမ်းပြည်​နယ်​ ​မြောက်​ပိုင်း ​နောင်​ချိုမြို့မှာလည်း ပါတီရုံးခွဲ ဆက်တိုက်ဖွင့်လှစ်သွားဖို့ ရှိပါတယ်​။ အခုလို ပြည်​သူ့ပါတီတိုင်းရုံး ဖွင့်တဲ့အ​ပေါ် ပန်းတိုင်းပွင့်နိုင်​ကြပါ​စေလို့ ဝါရင့်နိုင်​ငံ​ရေးသမား ဖြစ်တဲ့ ဦးတင်​​အေးကြူ (ခ)​ မောင်​မှိုင်းလွင်​(အင်းဝ)က ပြောပါတယ်​။ ဒီအခမ်းအနားကို ပြည်သူ့ပါတီ(ဗဟို)ဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့အတူ ပါတီအလုပ်အမှုဆောင်တွေ တိုင်းဒေသကြီး ပါတီဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တခြားဖိတ်ကြားထားသူ​တွေ တက်ရောက်ခဲ့ကြပါတယ်။ ပြည်သူ့ပါတီကို ကန့်ကွက်မှုတွေကြားကနေ ၂ နှစ်ကျော်ကြာပြီးမှသာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေပြီး ၂၀၁၈ ခုနှစ် သြဂုတ် ၂၃ ရက်က နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံတင်ခွင့်ပြုလိုက်တာ ဖြစ်​ပါတယ်​။
2 years Ago
Up