ပြည်သူ့ဂုဏ်ရည်ဆု ဖြိုးဖြိုးအောင်ကိုယ်စား မိသားစုဝင် လက်ခံရယူ

June 26, 2015

မဖြိုးဖြိုးအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်သမ္မတဟောင်း တောင်းဆို

ပညာရေးဥပဒေပြင်ဆင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်က မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဇွန် ၂၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့မှာ ကျင်းပတဲ့ မြန်မာလူငယ်တွေအတွက် Bush Institute ရဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ် ဆင်းပွဲအခမ်းအနားမှာ မစ္စတာ ဘုရှ်က ပြောဆိုသွားတာပါ။ ဒီဖိုရမ်ကနေ မြန်မာလူငယ် ၁၈ ဦးဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ခေါင်းဆောင်မှု ဘာသာရပ်တွေကို စာတွေ့၊ လက်တွေ့ တနှစ်ကြာ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားမှာ သမ္မတဟောင်းဘုရှ်နဲ့ ဇနီး လော်ရာဘုရှ်တို့ ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ 11117669_1095755900438427_1578196081_nဒီအခမ်းအနားမှာ သင်တန်းသားတွေဖြစ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဒုဥက္ကဋ္ဌ ဂျိမ်းစ် ခေါ် ကိုလင်းထက်နိုင်နဲ့ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ မတက်ရောက်နိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ စိတ်မကောင်းဖြစ်မိပြီး ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ မြန်မာအစိုးရကို သမ္မတဟောင်း ဘုရှ်က တောင်းဆို သွားပါတယ်။
6 years Ago

June 14, 2015

ပြည်သူ့ဂုဏ်ရည်ဆု ဖြိုးဖြိုးအောင်ကိုယ်စား မိသားစုဝင် လက်ခံရယူ

အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာကို ရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေ စုပေါင်းရွေးချယ် ချီးမြှင့်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သာယာဝတီထောင် အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဖြိုးဖြိုးအောင်ရဲ့ ကိုယ်စား မိသားစုဝင်တွေက လက်ခံရယူခဲ့ပါတယ်။ မြန်မာပြည်မှာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ကြသူတွေ အတွက် ချီးမြှင့်နေတဲ့ ၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို လက်ပံတန်း အကြမ်းဖက် ဖြိုခွင်းခံရမှုကြောင့် သာယာဝတီထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ဖြိုးဖြိုးအောင် ရရှိခဲ့တာ ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ သောင်းနဲ့ ဂုဏ်ပြု ဆုတံဆိပ် ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တဲ့ အချိန်မှာတော့ ဖြိုးဖြိုးအောင်ဟာ သာယာဝတီ အကျဉ်းထောင်အတွင်း ရောက်ရှိနေတာကြောင့် သူ့ကိုယ်စား သူ့ရဲ့ ဖခင်ဒေါက်တာနေဝင်းက တက်ရောက် ယူခဲ့ရပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန် ပြည်ထောင်စုမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေက စုပေါင်းဖွဲ့စည်း ရွေးချယ် ချီးမြှင့်ပေးခဲ့တာ ဒီနှစ်နဲ့ဆို ၆ ကြိမ်မြောက် ရှိခဲ့ပါပြီ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) ရဲ့ အထွေထွေအတွင်းရေးမှူး ဖြိုးဖြိုးအောင်ဟာ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက်အောင်မြင်မှု၊ နိုင်ငံနဲ့ နိုင်ငံသားတို့အတွက် စံပြဖြစ်မှု၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် စွန့်လွှတ်လှုပ်ရှားတိုက်ပွဲဝင်ခဲ့မှု စတာတွေကြောင့် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံခဲ့ရတာပါ။ ဒီဆုပေးပွဲအခမ်းအနားကို   နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက် (အန်အန်အီးအာ) က တာဝန်ရှိသူတွေ၊ ဗကသကျောင်းသားတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပါအဝင် အထူးဆုရှင် အဖြစ် ရွေးချယ်ခံရတဲ့ ဒေါက်တာနန္ဒဝင်း (တန်ဖိုးသင့် ညစာ) နဲ့ ကိုဇော်ဇော် (အခမဲ့ စာကြည့်တိုက်) တို့လည်း တက်ရောက်ခဲ့ကြပါတယ်။
6 years Ago
Up