ပြည်သူသောင်းနှင့်ချီ ဆန္ဒပြ

A d v e r t i s e m e n t With Us

November 6, 2016

တောင်ကိုရီးယားသမ္မတ နုတ်ထွက်ပေးရန် ပြည်သူသောင်းနှင့်ချီ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ သမ္မတ ပါ့ဂွန်ဟေး နုတ်ထွက်ပေးဖို့ လူ သောင်းနဲ့ချီ လမ်းမထွက် ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ သမ္မတ ပါ့ဂွန်ဟေးအပေါ် သူ့ရဲ့ ဆရာတဆူရဲ့သမီးလည်းဖြစ်၊ ရင်းနှီးကျွမ်းဝင်တဲ့ ငယ်သူငယ်ချင်းရဲ့ လွှမ်းမိုးမှုရှိပြီး သမ္မတရဲ့စီမံခန့်ခွဲမှုတွေမှာ စွက်ဖက်မှုရှိတယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ သမ္မတကတော့ အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူ့မှာ လုံးဝအပြစ်ရှိတယ်လို့ ဝန်ခံခဲ့ပြီး နိုဝင်ဘာ ၄ ရက်နေ့က ရုပ်မြင်သံကြားမှာ တောင်းပန်ခဲ့ပါတယ်။ သမ္မတရဲ့ ရင်းနှီးတဲ့မိတ်ဆွေလည်း လိမ်လည်မှု၊ အခွင့်အာဏာအလွဲသုံးစားမှုနဲ့ နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးရုံးတင်ခံရပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့က ဆန္ဒပြသူတွေ ဆိုလ်းမြို့တော်ရင်ပြင်မှာ စုဝေးခဲ့ကြပြီး သမ္မတ ပါ့ဂွန်ဟေး နုတ်ထွက်ပေးဖို့၊ နိုင်ငံတော် သစ္စာဖောက်မှု စတဲ့ စာတန်းတွေထောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူ ၄၅၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းပေမယ့် ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူတွေကတော့ ဆန္ဒပြသူ ၂ သိန်းနီးပါးလောက်ရှိမယ်လို့ ပြောဆိုပါတယ်။
4 years Ago
Up