ပြည်သူများအတွက် အလုပ်အကိုင်သစ် ၃ သန်းကျော် ဖန်တီးပေးခဲ့ဟု တရုတ်အစိုးရ ပြော

April 26, 2017

ပြည်သူများအတွက် အလုပ်အကိုင်သစ် ၃ သန်းကျော် ဖန်တီးပေးခဲ့ဟု တရုတ်အစိုးရ ပြော

တရုတ်အစိုးရက အခုနှစ် ပထမ ၃ လပတ်အတွင်းမှာ တရုတ်ပြည်သူတွေအတွက် အလုပ်အကိုင်သစ် ၃ သန်းကျော် ဖန်တီးပေးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ တရုတ်အစိုးရ လူသားရင်းမြစ်နဲ့ လူမှုလုံခြုံရေးဌာနက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အလုပ်အကိုင် အခြေအနေဟာ ပုံမှန်အားဖြင့် တည်ငြိမ်လေ့ရှိပါတယ်။ အဲဒီလို တည်ငြိမ်နေတဲ့ အခြေအနေမှာပဲ အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ ပထမ ၃ လအတွင်းမှာ မြို့ပြဧရိယာအတွက် အလုပ်အကိုင်သစ် ၃ ဒသမ ၄ သန်းနီးပါး ဖန်တီးပေးခဲ့တယ်လို့ လူသားရင်းမြစ်နဲ့ လူမှုလုံခြုံရေးဌာနက ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၆ က အခုလိုအချိန်နဲ့နှိုင်းယှဉ်ရင် အလုပ်အရေအတွက် ၁၆၀၀၀၀ ပိုများလာတယ်လို့ ဆိုပါတယ်။ ဒီ့အတွက် ပထမ ၃ လပတ်အတွင်း တနိုင်ငံလုံးရှိ မြို့ပြဧရိယာတွေမှာ အလုပ်လက်မဲ့ အရေအတွက် ၄ ရာခိုင်နှုန်းနီးပါး ရှိခဲ့ရာကနေ ၀ ဒသမ ၀၇ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း တရုတ်အစိုးရ လူသားရင်းမြစ်နဲ့ လူမှုလုံခြုံရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
4 years Ago
Up