ပြည်သူကို မထိခိုက်သည့် ငြိမ်းချမ်းသည့်နည်းဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်

June 24, 2018

ပြည်သူကို မထိခိုက်သည့် ငြိမ်းချမ်းသည့်နည်းဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်

ပြည်သူကို မထိခိုက်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ်လို့ ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။ ရန်ကုန်မြို့ မြန်မာကွန်ဗန်းရှင်းစင်တာမှာ ဇွန် ၂၃ ရက်နဲ့ ၂၄ ရက်နေ့က ကျင်းပသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ  အန်အယ်လ်ဒီ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောတာပါ။ “ပြည်သူကို မထိခိုက်တဲ့နည်း၊ ပွတ်တိုက်မှုအနည်းဆုံးဖြစ်နိုင်တဲ့နည်းနဲ့ပဲ ပြင်မှာပါ။ နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဖြေရှင်းမှာပါ။ အဖွဲ့ချုပ်ရဲ့ မူဝါဒထဲမှာလည်းပါ ပါတယ်။ ပြင်ကိုပြင်မှာပါ” လို့ ပြောပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကလည်း “ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာလည်း နိုင်ငံတော်အစိုးရရဲ့ ဦးစားပေး ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုပြီးထည့်သွင်းထားပါတယ်။ အစိုးရရဲ့ ရည်မှန်းချက်တွေကတော့ တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဖြစ်ပါတယ်” လို့ ပြောပါတယ်။
3 years Ago
Up