ပြည်ပတင်ပို့ကုန်ကိစ

June 3, 2018

ပြည်ပတင်ပို့ကုန်ကိစ္စ အမေရိကန်နှင့် တရုတ်ဆွေးနွေး

ပြည်ပတင်ပို့ကုန်တွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဆွေးနွေးနိုင်ခဲ့တယ်လို့ အမေရိကန် စီးပွားရေးဝန်ကြီး ဝီလ်ဘာ ရော့စ်က ဇွန်လ ၃ ရက်နေ့မှာ ပြောပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိပေမယ့် စီးပွားရေး ဖွဲ့စည်းပုံ အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက တရုတ် အစိုးရကို သတင်းစကား ပေးလိုက်တာပါ။ ရော့စ်ဟာ တရုတ်မြို့တော် ပေကျင်းကို ဇွန်လ ၂ ရက်နေ့က ရောက်လာခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက သံမဏိနဲ့ အလူမီနီယမ် တွေအပေါ် ထပ်ဆောင်းခွန် ကောက်ခဲ့အပြီး အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေက အမေရိကန် အစိုးရအပေါ် စိတ်ဆိုးခဲ့တာပါ။ တရုတ်အပေါ်လည်း ထပ်ဆောင်းခွန် အသစ်တွေ ထပ်ကောက်မယ်လို့ အမေရိကန် အစိုးရက ခြိမ်းခြောက်ခဲ့ပါတယ်။ တရုတ်ဒုဝန်ကြီးချုပ် လျိုဟော့ခ်နဲ့ တံခါးပိတ်ဆွေးနွေးအပြီးမှာ ရော့စ်က “စနေနေ့ကို သူနဲ့ အချိန်ကုန်ရတာ အင်မတန် ဝမ်းသာတယ်၊ ညစာ အတူ စားခဲ့တယ်” လို့ ပြောပါတယ်။ လျိုကတော့ ရော့စ်ကို ကြိုဆိုကြောင်းသာ ပြောခဲ့တာပါ။ ၂ ယောက်စလုံးက ဒီအရေးနဲ့ ပတ်သက်တဲ့ ဘယ်လို မှတ်ချက်ကိုမှ မီဒီယာကို မပြောခဲ့ပါဘူး။
4 years Ago
Up