ပြည်နယ်တိုင်း ၁၁ ခုတွင် မိုးသက်လေပြင်းကျနိုင်

A d v e r t i s e m e n t With Us

March 25, 2019

ပြည်နယ်တိုင်း ၁၁ ခုတွင် အချိန်အခါမဟုတ်မိုးရွာ၊ လေပြင်းတိုက်နိုင်

ရန်ကုန်တိုင်း အပါအ၀င် ပြည်နယ်တိုင်း ၁၁ ခုမှာ အချိန်အခါမဟုတ် မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းများနဲ့ အရှေ့ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် မတ် ၂၆ ရက်ကနေ ၂၈ ရက်အတွင်း အချိန်အခါမဟုတ်မိုးတွေ ရွာသွန်းနိုင်တာ ဖြစ်ပါတယိ။ မတ်လ ၂၆ ရက်ကနေ မတ် ၂၈ ရက်အတွင်း  စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျားကနေ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်။ ပြည်သူတွေအနေနဲ့ အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်လို့  ကြိုတင်သတိပြုကြပါလို့ မိုးလေ၀သသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

May 1, 2016

ပြည်နယ်တိုင်း ၁၁ ခုတွင် မိုးသက်လေပြင်းကျနိုင်

ပြည်နယ်တိုင်း ၁၁ ခုမှာ မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး မိုးတိမ်တောင်တွေကြောင့် လျပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသည်းထန်ခြင်း နဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင် တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ကယားပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်ပြီး အထူးသဖြင့် စစ်ကိုင်းနဲ့မန္တလေတိုင်းတို့မှာ မိုးတိမ်တောင် အန္တရာယ်ရှိတယ်လို့ ခန့်မှန်းဖော်ပြပါတယ်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မန္တလေးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာ ကွက်ကျားမိုးထစ်ချုန်း ရွာနိုင်ပါတယ်။
5 years Ago
Up