လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးရဲ့ ကွပ်ကဲမှု အောက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်ရေး အတွက် ဇန်န၀ါရီလ ၂၆ ရက်နေ့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီကိစ္စကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ရဲ့ လက်ရှိပြုလုပ်နေတဲ့ အခြေအနေအရ ဆောင်ရွက်ဖို့ သင့်မသင့် ဥပဒေကြမ်းပူးပေါင်းကော်မတီနဲ့ လွှတ်တော်အတွင်းရှိတဲ့ နိုင်ငံရေးပါတီအသီးသီးက လွှတ်တော်ကိုယ်စားတွေ ဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော် နာယကဆီကို ပြန်လည်တင်ပြရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတက ဇန်န၀ါရီလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပေးပို့ ခဲ့တာဖြစ်ပြီး လ၀ကရဲ့ တာဝန်တွေကို ပိုမိုထိရောက်စွာဆောင်ရွက်၊ ၀န်ကြီးဌာနတွေ ကျစ်လစ်စွာဖွဲ့ စည်းရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ရန်၊ တရားမ၀င် ခိုးဝင်ခိုးထွက်များနဲ့ ပတ်သက်ပြီး ဟန်ချက်ညီညီဆောင်ရွက်ရန် စသည့်အချက်တွေ အပါအ၀င် အချက် ၅ ချက်ပါဝင်တယ်လို့ သိရပါတယ်။
7 years Ago