အမေရိကန်ပြည်ထောင်စုမှာ သီချင်းအယ်လ်ဘမ်အသစ်အတွက် ကာဗာ ဓာတ်ပုံရိုက်ကူးဖို့ သွားခဲ့တဲ့ တောင်ကိုရီးယား ကေပေါ့ပ်အဖွဲ့ကို ပြည့်တန်ဆာတွေလို့ သံသယရှိပြီး လဆိပ်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ ရက် အမေရိကန် လော့အိန်ဂျယ်လိစ် လေဆိပ်မှာ အဖွဲ့ဝင် ၈ ဦးပါ အိုးမိုင်ဂဲလ် ကေပေါ့ပ် အဖွဲ့ကို ၁၅ နာရီကြာ ထိန်းသိမ်းခဲ့တာလို့ အဖွဲ့က ပြောပါတယ်။
အဖွဲ့ရဲ့ အသုံးအဆောင်နဲ့ အ၀တ်အစားတွေကိုလည်း လူဝင်မှုကြီးကြပ်ရေးက စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ငယ်ရွယ်တဲ့ အသက်ကြောင့် ပြည့်တန်ဆာလို့ မှားယွင်းမှတ်ထင်တာ ဖြစ်ကြောင့် အဖွဲ့ရဲ့ဒီဇင်ဘာ ၁၁ ရက် အဖွဲ့ရဲ့ ထုတ်ပြန်ချက်က ရေးပါတယ်။
ဒီလို ထိန်းသိမ်းတာဟာ ဥပဒေနဲ့ ညီမညီ အမေရိကန်မှာ ဥပဒေအကြံဉာဏ်တွေ တောင်းခံထားတယ်လို့ ပြောပါတယ်။
၂၀၁၅ ခုနှစ် မတ်မှာ အိုးမိုင်ဂဲလ် အဖွဲ့ကို တည်ထောင်ခဲ့ပြီး ဧပြီလက ပထမဆုံးခွေကို ထုတ်ဝေခဲ့ပါတယ်။
7 years Ago