ပြင်ဦးလွင်

A d v e r t i s e m e n t With Us

December 15, 2018

ပန်းပင် ၃ သိန်းကျော် အလှဆင်ထားသည့် ပြင်ဦးလွင် ပန်းပွဲတော် (ဓာတ်ပုံ)

နှစ်စဉ်ကျင်းပတဲ့ ပြင်ဦးလွင် ပန်းပွဲတော်ကို ဒီဇင်ဘာ ဒီနေ့ စတင် ဖွင့်လှစ်လိုက်ပါတယ်။ အခုပန်းပွဲတော်ဟာ ၁၃ ကြိမ်မြောက် ပန်းပွဲတော်ဖြစ်ပြီး အရင်နှစ်တွေကနဲ့မတူဘဲ ပြည်ပပန်းပညာရှင်တွေကို ဖိတ်ခေါ်ပြီး မတူညီတဲ့ ပန်းအလှဒီဇိုင်းတွေနဲ့ ထည့်သွင်းထားတယ်လို့ ပွဲကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ကျင်းပခဲ့တဲ့ ပန်းပွဲတော်မှာ ပန်းအမျိုးအစား ၄၈ မျိုး အသုံးပြုကာ ပန်းပင်အရေအတွက် ၁ သိန်းခွဲကျော် ခင်းကျင်းပြသခဲ့ပေမယ့် အခုနှစ်မှာတော့ ပြည်တွင်း၊ ပြည်ပမှ ပန်းအမျိုးအစား ၆၉ မျိုး အသုံးပြုကာ ပန်းအပင်အရေအတွက် သုံးသိန်းကျော်အထိ တိုးမြှင့်အသုံးပြုပြီး အလှဆင်ထားပါတယ်။ ပန်းပွဲတော်ကို ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေကို ပိုမိုစွဲဆောင်နိုင်ဖို့ ကျင်းပတာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၀၁၉ ဇန်နဝါရီ ၁၅ ရက်အထိ တလကြာ ကျင်းပမှာပါ။
2 years Ago

December 1, 2018

ပြင်ဦးလွင်တွင် လောင်းကစားဂိမ်းစက်များနှင့် လူ ၅၂ ဦးကို ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ လောင်းကစားဂိမ်းစက်တွေနဲ့အတူ လူ ၅၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၂၉ ရက်နေ့ည ၉ နာရီလောက်မှာ မန္တလေးတိုင်းရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀) ဌ/၂၄ရှိ တင်လင်းအေး (ခ) အားပါရဲ့ လောင်းကစားနေအိမ်ကို ဝင်ရောက်ရှာဖွေရာကနေ ဖမ်းဆီးမိခဲ့တာပါ။ သူနဲ့အတူ ဂိမ်းစက်ဝန်ထမ်း ၄ ဦး၊ လောင်းကစားနေတဲ့ ၄၈ ဦးတို့ကို လောင်းကစားဂိမ်းစက် ၄ လုံးနဲ့ ဆက်စပ် ပစ္စည်းတွေ၊ ငွေစာရင်းမှတ်တဲ့ စာအုပ် ၆ အုပ်၊ "ပိုက်ဆံပေးမှ အမှတ် ထည့်မည်နှင့် ၅ သိန်းရှုံးပါက အချိန် ၁ နာရီ ပိတ်သည်" စာသားများပါ ဗွီနိုင်း/စက္ကူဆိုင်းဘုတ် ၃ ခု၊ လက်ကိုင်ဖုန်း ၁၇ လုံး၊ ဆိုင်ကယ် ၂၄ စီး၊ ငွေ ၁,၀၁၄,၈၀၀ ကျပ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တင်လင်းအေးကို ပြင်ဦးလွင် မြို့မရဲစခန်း (ပ) ၆၅၁/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/ ၁၄(က) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago
More News
Up