ထိုင်းနိုင်ငံ ကော့စမွီကျွန်းမှာအသတ်ခံရတဲ့ ပြင်သစ်နိုင်ငံသားအမှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့ ပြင်သစ်နိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာလ-၉ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။
အဖမ်းခံရသူ ၃ ဦးကတော့ အသက် ၆၅ နှစ်အရွယ်ရှိ Georges-Charles Michel ၊ စားသောက်ဆိုင်ပိုင်ရှင်နဲ့ နောက်တဦးကတော့ Yves Cluade Daniel ဆိုသူဖြစ်ပါတယ်။
သူတို့ ၃-ဦးထဲက အသက် ၆၅ နှစ်အရွယ်ရှိ Georges-Charles Michel ဟာသေဆုံးသူ Cyril Jean-Paul Malignon ကို သေနတ်နဲ့ပစ်သတ်ခဲ့သူအဖြစ် စွပ်စွဲခံထားရပါတယ်။
ကျန်နှစ်ဦးကိုတော့ လူသတ်ရာမှာ ပူးပေါင်းပါဝင်မှုနဲ့ ဖမ်းဆီးလိုက်တာပါ။ သေဆုံးသူ Cyril Jean-Paul Malignon ဟာ ဒီဇင်ဘာ ၄ ရက်နေ့ညက ရုတ်တရက်ပျောက်ဆုံးသွားပြီး အဲဒီနောက်မှာတော့ သေနတ်ဒဏ်ရာတွေ ရရှိထားတဲ့ သူ့ရဲ့ရုပ်အလောင်းကို ကျွန်းပေါ်ရှိ ခပ်တိမ်တိမ်စမ်းချောင်းထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ကတော့ သေဆုံးသူနဲ့ အခုအဖမ်းခံရသူတွေဟာ စားသောက်ဆိုင်လုပ်ငန်းအပေါ်မှာ အချင်းများခဲ့ကြတာဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးကြေင်း ဒေသခံသတင်းမီဒီယာတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
ဓာတ်ပုံ-အေပီ
6 years Ago