ပြင်သစ် စိန်းမြစ်ရေ

January 28, 2018

ပြင်သစ် စိန်းမြစ်ရေ ဆက်လက်မြင့်တက်မှုကြောင့် စိုးရိမ်ရေမှတ် ရောက်ရှိနိုင်

ပြင်သစ်နိုင်ငံ မြို့တော်ပါရီရှိ  စိန်းမြစ်ဟာ မြစ်ရေ ဆက်လက်မြင့်တက်နေတဲ့အတွက် စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ပါရီမြို့တော်ဝန်က ဇန်န၀ါရီ ၂၇ ရက်မှာ  ပြောကြားလိုက်ပါတယ်။ မြို့တော် ပါရီမှာမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးရှိ လျှောက်လမ်းတွေကို ရေလွှမ်းနေပြီဖြစ်ပါတယ်။ ဒါကြောင့် လုဗ်ပြတိုက် မြေအောက်ထပ်ရှိ အစ္စလာမ္မစ် အနုပညာပြခန်းကို ပိတ်ထားရပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် “ဘက်သိုမုခ်ျ” မြစ်တွင်းသွား လှေဝန်ဆောင်မှုကိုလည်း ပိတ်ထားရပါတယ်။ ပါရီမြို့တော်ဝန် အန်းဟီဒယ်ဂိုက “လက်ရှိအချိန် ရေအမြင့် ၅ ဒသမ ၇၁ မီတာအထိ မြင့်တက်နေပြီး ၅ ဒသမ ၈ နဲ့ ၆ မီတာ ကြားအထိ မြင့်တက်နိုင်ပါတယ်။ ၂၀၁၆ ခုနှစ်က ၆ ဒသမ ၁ မီတာအထိ မြင့်တက်ခဲ့တာနဲ့ ယှဉ်ရင် မများလှပေမယ့် မြစ်ကြောင်းနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။ ကျမတို့ စောင့်ကြည့်နေပါတယ်။ ရှေ့တစ်ပတ် မိုးထပ်ရွာပြီး မြေအောက်ရေ မြင့်တက်လာမှာကို ကျမတို့ စိုးရိမ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ရေကြီးမှုကြောင့် ပါရီမြို့လမ်းတွေထဲကို ကြွက်တွေ ၀င်ရောက်လာခဲ့တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

January 26, 2018

ပြင်သစ် စိန်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ပေ ၂၀ ခန့် မြင့်တက်နိုင်

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်က စိန်းမြစ်ရေဟာ ဇန်နဝါရီ ၂၅ ရက်မှာ လျှံနေတာကြောင့် အခုသီတင်းပတ်ကုန်ပိုင်းမှာ မြစ်ရေမျက်နှာပြင်ဟာ စိုးရိမ်ရေမှတ်အထက် ပေ ၂၀ လောက်အထိ မြင့်လာနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ညတွင်းချင်းတက်လာတဲ့ မြစ်ရေဟာ ၁၆ လက်မအထိ ရှိခဲ့ပြီး ဒါဟာ စံချိန်တင် မြင့်တက်မှုပါ။ ကနဦး ရေကြီးမှု ဖြစ်စေခဲ့တဲ့ မိုးသည်းတာ လျော့သွားပေမယ့် မြစ်ရေပြင် မြင့်တက်နေခဲ့တာကြောင့် မြစ်တွင်းသွား အပျော်စီးရေယာဉ်တွေနဲ့ ရေကြောင်းပို့ဆောင်ရေး လမ်းကြောင်းတချို့လည်း ရပ်ဆိုင်းခဲ့ရပါတယ်။ မြစ်တလျှောက် ပြေးဆွဲနေတဲ့ RERC ရထားလမ်း၊ မူဆီဒိုဆေးပြတိုက်နဲ့ အီဖယ်လ်တာဝါနားမှာရှိတဲ့ ဘူတာတွေကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ ပိတ်ထားမယ်လို့ ပြင်သစ် ပို့ဆောင်ရေး အာဏာပိုင်တွေက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောပါတယ်။ ဆောင်းရာသီမှာ စိန်းမြစ်ရေလျှံတာ ဖြစ်လေ့ဖြစ်ထ မရှိပေမယ့် ၂၀၁၆ ခုနှစ်၊ ဇွန်လတုန်းကလည်း နှစ်ပေါင်း ၃၀ အတွင်း မြစ်ရေပြင် အမြင့်ဆုံး ရောက်ရှိခဲ့လို့ မြစ်တလျှောက်က လမ်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ မြေအောက်ရထားလမ်းတွေ ပိတ်ခဲ့ရပါတယ်။
3 years Ago
Up